ဒါရိုက်တာ ကိုပေါက်ရဲ့ ဒုတိယမြောက်ဇာတ်လမ်း အဖြစ် ရောင်နီလာရာလမ်း မှတ်တမ်းရုပ်ရှင် ကို
လာမယ့် ဖေဖေါ်ဝါရီ (၄) ရက် (၅) ရက် ကနေစပြီး နိုင်ငံအနှံ့ ပြသပေးဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
ဒီ မှတ်တမ်းရုပ်ရှင်ဟာ ဒါရိုက်တာ ကိုပေါက်ရဲ့ အနုပညာသမားဘ၀ ၊ တော်လှန်ရေးသမား ဘ၀ အစရှိတဲ့ ဘ၀နှစ်ခု အတွင်းမှာ ပြောင်းလဲသွားခဲ့တဲ့ အခြေအနေတွေကို တင်ပြခွင့်ရတဲ့ အကန့်အသတ်အတွင်းကနေတင်ပြသွားမှာ ဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က သူရဲ့ လူမှု ကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
မသောက်မိသော မိုးခါးရေရုပ်ရှင်ဇာတ်လမ်းဟာ ပြသချိန် မိနစ် ၃၀ သာ ရှိတဲ့အတွက် ကြည့်ရတာ အားမရဘူးဆိုတဲ့ တော်လှန်ရေး မိဘပြည်သူတွေအတွက် အခု ရောင်နီလာရာလမ်း မှတ်တမ်းရုပ်ရှင် ကတော့ အချိန် ၁း၄၅ မိနစ် ဖြစ်တဲ့အတွက် ကြည့်ရတဲ့ ပရိသတ်တွေအတွက် အားရစေမှာပဲ ဖြစ်ပါတယ်။