ကရင်နီပြည်နယ် ၊ ဘောလခဲမြို့နယ် ၊ နန်းဖဲကျေးရွာဝန်းကျင်က မယ်စလောင်းတောင်ကုန်းပေါ်မှာ အခိုင်အမာတပ်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၀ ရက်၊ ၉ နာရီခွဲခန့်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်အရသိရပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က တိုက်လေယာဥ်(၁)စီးနဲ့ (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့သလို ဘောလခဲမြို့အခြေစိုက်တပ်တွေဖက်ကလဲ လက်နက်ကြီးတွေနဲ့ အဆမတန် အသုံးပြုပစ်ကူပေးခဲ့ပေမဲ့ အရေးနိမ့်ပြီး စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။
အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်(၅)ဦးရဲ့ ရုပ်အလောင်းနဲ့အတူ (၆၀)မမ စိန်ပြောင်း (၂)လက် ၊ RPG (၁)လက် ၊ MA-1 (၁)လက် ၊MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ မိုင်းတွေ ခဲယမ်းကျည်ဆံတွေနဲ့ တခြားအသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မယ်စလောင်းတောင်စခန်းကုန်းကို Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး (KA)က ရဲဘော် (၁) ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကျဆုံးသွားတဲ့ ရဲဘော်ကို KNDF က အာဇာနည်သူရဲကောင်းအဖြစ် လေးစာအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်အပ်တယ်လို့ ဖော်ပြထားပါတယ်။