◼ဗိုလ်အပါအဝင် စစ်သား၊ ရဲ (၆)ဦးနှင့် လက်နက်များဖမ်းဆီးရရှိ
ချင်းပြည်နယ် ထန်တလန်မြို့ရှိ CB ဘဏ် အဆောက် အဦးနေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ် (CNF)နဲ့ ပူးပေါင်းအဖွဲ့ကဝင်ရောက်စီးနင်းခဲ့တယ်လို့ဖေဖော်ဝါရီ (၁)ရက် မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) က အတည်ပြုထုတ်ပြန်ထားပါတယ်။
အဲဒီစီးနင်းမှုမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်အပါအဝင် တပ်သား နှစ်ဦး နဲ့ ရဲ နှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ထုတ်ပြန်ထားပါတယ်။
စီးနင်းမှုမှာ CNF ပူးပေါင်းအဖွဲ့ အနေနဲ့အထိ အခိုက် မရှိ ခဲ့ပဲ သေနတ် (၈)လက်သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ မစ်ရှင်ကို CNFနဲ့ ချင်းကာကွယ်ရေးတပ် (CDF) တို့ ပူးပေါင်းတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်အနေနဲ့ မြေပြင်တိုက်ပွဲမှာ အထိနာတဲ့အတွက် လေကြောင်းက နေဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး ကပြောကြားပါတယ်။
အဲဒီအတွက် ပြည်သူ တွေအနေနဲ့ လည်း အကြမ်းဖက် စစ်ကောင်စီရဲ့လေကြောင်းရန်ကိုဂရုစိုက်ကြဖို့ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အတက်နိုင်ဆုံးအတက်နိုင်ဆုံး ဝေဟင် လေ ကြောင်း လုံခြုံရေးကို အဓိက ပိုပြီး ကြပ်မတ် သတိထားကြဖို့ ထုတ်ပြန်ထားတယ်လို့သိရပါတယ်။