■နိုင်ငံအရေးပေါ်အခြေအနေကို နောက်ထပ် (၆) လသက်တမ်းတိုး
အကြမ်းဖက်စစ်တပ်ဟာ နိုင် ငံတော်အာဏာကို လုယူထားတာ (၂) နှစ်ကြာမြင့်ခဲ့တာဖြစ်ပြီး နိုင်ငံတဝန်းလုံးမှာ ရှိတဲ့မြို့နယ်တွေ ရဲ့ သုံးပုံနှစ်ပုံကိုသာ တည်ငြိမ်အောင် ထိန်းထားနိုင်သေး တယ် လို့ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီ (၃၁) ရက်မှာ ပြုလုပ်တဲ့ ကာလုံအစည်းအဝေး မှာ ပြောဆိုလိုက်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာမြို့နယ် (၃၃၀)ရှိတဲ့အနက် တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ မြို့နယ်ဟာ ဟာ (၁၉၈) မြို့နယ်ရှိပြီးကျန်တဲ့ မြို့နယ် (၁၃၂) မြို့နယ်မှာ လုံခြုံရေး အလေးထားရမယ့်မြို့နယ် (၆၇) မြို့ရှိပြီး လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ရမယ့်မြို့နယ် ဟာ (၆၅) မြို့ရှိတယ်လို့ စစ်ကောင်စီခေါင်းဆောင် က ပြောကြားလိုက်တာပါ။
ရွေးကောက်ပွဲလုပ်မယ်ဆိုရင်နိုင်ငံတည်ငြိမ်ဖို့လိုပြီး အဲဒီလုပ်ငန်းစဉ်အတွက် အချိန်လိုအပ်နေတဲ့အတွက် အခုလို နိုင်ငံအရေးပေါ် အခြေအနေကို သက်တမ်း ၆ လ ထပ်တိုးဖို့ ကာလုံမှာ ဆုံးဖြတ်ခဲ့တာလို့ စစ်ကောင်စီက အကြောင်းပြ ထုတ်ပြန်ခဲ့ပါတယ်။