စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ ရွာ(၄) ရွာကို အကြမ်းဖက်စစ်ကောင်စီက ဖေဖေါ်ဝါရီ (၁၁) ရက်မှ (၁၂)ရက် အထိနှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသံတွေရဲ့ နေအိမ်ပေါင်း (၄၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဟာ ကသာမြို့နယ် မယ်ငိုကျေးရွာ၊ တက်တူလယ်အခင်းစု ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ တို့ကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ကသာမြို့နယ်ရှိ ရွာများကို စစ်ကောင်စီ က မီးရှို့ဖျက်ဆီးထားသည်ကိုတွေ့ရစဥ်။ သသသသသသသ
အခုလို မီးရှို့ဖျက်ဆီးနေတာကြောင့် အနီးအနားရှိ ရွာတွေက ဒေသခံပြည်သူ အကုန်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီ ဟာ ရွာတွေကို မီးရှို့ဖျက်ဆီးရာမှာ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းများ ပါမချန် အကုန်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ပြောကြားချက် အရ လက်ရှိရွာများရဲ့ အနီးအနားမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် အကြမ်းဖက်စစ်တပ်က ရွာတွေကိုမီးရှို့တာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်တယ်လို့သိရပါတယ်။