◼ကဗျာဆရာ ဂနိုက် လို့လည်း သိကြတဲ့ ကိုဟိဏ်းမင်းကြည်ဟာ စစ်အာဏာသိမ်းတာကိုမကျေနပ်တဲ့အတွက် ပရိုဖိုင်အနီပြောင်းလဲလိုက်တာကြောင့် ရာထူးအချခံရပြီး တပ်သားအဖြစ်နဲ့ ရခိုင်ပြည်နယ်မှာ ရှေ့တန်းကို အပို့ခံခဲ့ရပါတယ်။
သာမာန်ကုမ္ပဏီဝန်ထမ်း၊ ဆေးဝါးကျွမ်းကျင်သူတဦးကနေ ဆန္ဒပြလူငယ်တွေကို လက်နက်နဲ့ အနိုင်ကျင့်တာကို မြင်ရတဲ့အခါ မဖူးဖူးဟာ လွတ်မြောက်နယ်မြေတနေရာမှာ ဆေးမှူးရဲမေတဦး ဖြစ်လာပါတယ်။
တောတွင်းတနေရာမှာပဲ လက်ထပ်ထိမ်းမြားခဲ့တဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးဟာ တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ရင်း ဘဝအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်နေကြပါသလဲ။
နွေဦးတော်လှန်ရေးမှာ ဖူးစာဆုံခဲ့ကြတဲ့ CDM တပ်ကြပ်ကြီးစာရေး ဟိဏ်းမင်းကြည် နဲ့ PDF ရဲဘော်ဆေးမှူး မဖူးဖူး တို့ရဲ့ အကြောင်းကို The Voice of Spring (နွေဦးအသံ) က တင်ဆက်လိုက်ပါတယ်။
©The Voice of Spring