Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

သက်တမ်းရင့်ဒေါက်တိုင် စစ်တပ်လိုလားသူ တရားသူကြီးမြင့်ဆန်း

Share this News:

◼ သူ့ဆန်စားရဲရ ဆိုတာထက် သူက ပိုပါတယ်။


ကိုယ်တိုင်က ဒီမိုကရေစီဘက်တော်သားတွေကို ဝမ်းတွင်းက ကြိတ်ပြီး မုန်းတီးစိတ်ပြင်းထန်လှသူ အဖြစ် ရင်းနှီးသူတွေက မှတ်ချက်ပြုကြပါတယ်။ နာမည်က မြင့်ဆန်း လို့ ခေါ်ပါတယ်။

◼ဘယ်လိုလူမျိုးလဲ


ဦးရွှေမန်းလွှတ်တော်ဥက္ကဌလက်ထက်တုန်းက ဒုတိယအကြိမ်အခြေခံဥပဒေခုံရုံးဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးမြသိန်း ရဲ့ ညီတော်စပ်သူပါ။ အမှုတွေကို အဂတိကင်းစင်စွာ မှန်မှန်နဲ့မြန်မြန် စစ်ဆေးစေမယ်လို့ NLD အစိုးရလက်ထက်မှာ မီဒီယာတွေကတဆင့် အာမခံခဲ့ဖူးပါတယ်။

NLD အစိုးရလက်ထက်မှာ နှစ်ကြိမ်တိတိ ရာထူးတိုးခဲ့ပေမဲ့ တရားရေးဌာနကို ပြုပြင်ပြောင်းလဲရေး အားစိုက်ခဲ့တဲ့အစိုးရခေတ်မို့ သူ့ပုံစံက တက်တက်ကြွကြွ မရှိပါဘူး။


ငွေကြေးမက်မောလွန်းသူအဖြစ် နာမည်ကြီးပြီး ရာထူးရဖို့ကလွဲရင် ဘာမှ ထည့်မတွက်ပါဘူး။


ဒီလို အရည်အချင်းတွေနဲ့ စစ်တပ်နဲ့ နီးစပ်မှုကြောင့် (၂၀၁၆)ခုနှစ်မှာ ညွှန်ကြားရေးမှူးအဆင့်နဲ့ ညီမျှတဲ့ တိုင်းဒေသကြီး တရားရေးဦးစီးမှူးတဦး ဖြစ်လာပါတယ်။


အဲဒီနောက် (၂၀၂၀)ခုနှစ်၊ မေလ (၂၈)ရက်မှာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး အဖြစ် ခန့်အပ်တာကို ခံခဲ့ရပါတယ်။

◼ဘယ်သူ့ကို စစ်ဆေးနေသလဲ

ဒီမိုကရေစီခေတ်မှာ မီဒီယာတွေအနေနဲ့ တရားရုံးသတင်းရယူခွင့်နဲ့ပတ်သက်ပြီး သူ့ဆီက အလွယ်ကူဆုံး ဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ လက်ရှိမှာတော့ စစ်တပ်အလိုကျ သဘောထားအတင်းမာဆုံး တရားသူကြီး ဖြစ်လို့နေပါပြီ။
ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို မတရားစွပ်စွဲထားတဲ့ အဂတိအမှုတခုမှာ မြင့်ဆန်း ကို မင်းအောင်လှိုင်က စစ်ဆေးစေပါတယ်။

◼ဘယ်လိုတွေ ပညာပြသလဲ

ပုံမှန်အားဖြင့် ရုံးချိန်းတွေကို တရားသူကြီးတွေက မလာရောက်နိုင်ဘူးဆိုရင် ကြိုတင်အသိပေးလေ့ရှိပါတယ်။
ဒီလို လေးစားမှုမျိုးကအစ အကြိမ်ကြိမ် ပျက်ကွက်လေ့ရှိသူပါ။
တနာရီကျော်အထိ တရားရုံးထဲ ထိုင်စောင့်စေပြီးမှ သူခွင့်ယူထားတာကို သိစေပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုကအစ မောက်မာစွာ ဆက်ဆံတယ်လို့ တရားရေးဌာနရဲ့ ဖရဲသီးတွေက သတင်းပေးကြပါတယ်။

◼သက်တမ်းရင့်လှသူ

မြင့်ဆန်း ကို ဗိုလ်နေဝင်းက စစ်အာဏာသိမ်းတဲ့ (၁၉၆၂) မှာ မွေးဖွားခဲ့ပါတယ်။
ဒါကြောင့် မြင့်ဆန်းဟာ သူ့ရဲ့ ဖွားဖက်တော် စစ်အာဏာရှင်စနစ်ကို သိပ်ချစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ကို (၁၉၈၄)မှာ ရယူခဲ့ပြီး (၁၉၈၅)ခုနှစ်မှာ တရားရေးအရာရှိအဆင့်(၄)နေရာကနေ တရားရေးလောကကို ဝင်ရောက်ခဲ့တာပါ။
နအဖ ခေတ်တလျှောက်လုံး စစ်တပ်ရဲ့အလိုကျ ထူးထူးချွန်ချွှန် ဆောင်ရွက်တတ်သူမို့ လုပ်သက်(၃၅)နှစ်ကျော်ကာလမှာ ရာထူးအဆင့်ဆင့် တိုးမြင့်လာခဲ့ပါတယ်။

◼ကွာကျလာတဲ့မျက်နှာဖုံး

တချိန်က တရားသူကြီးကျင့်ဝတ်နဲ့အညီ နေကြ ထိုင်ကြပြီး ပုဂ္ဂိုလ်တဦးချင်းအလိုက်ပါ ပြုပြင်ပြောင်းလဲဖို့ မီဒီယာတွေကတဆင့် အပြောကြွယ်ပြခဲ့သူပါ။

အဲဒီလို ကျင့်ဝတ်စည်းကမ်းနဲ့ညီညွတ်တဲ့ တရားသူကြီးမျက်နှာဖုံးက အကြာကြီး မခံခဲ့ပါဘူး။

အကြမ်းဖက်စကစ ရဲ့ တရားရေးဌာနမှာ သက်တမ်းရင့် အမာခံ ဒေါက်တိုင် တရားသူကြီးဘဝကို ကျေကျေနပ်နပ်ကြီး ခံယူထားတဲ့အစွယ်နှစ်ချောင်းနဲ့အတူ စစ်တပ်လိုလားတဲ့ ဥပဓိရုပ်အမှန်က မဖုံးဖိနိုင်အောင် ပေါ်ထွက်လာပါတော့တယ်။

အိမ်ထောင်ရှိသူဖြစ်ပြီး မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုတော့ စုံစမ်းအတည်ပြုနေဆဲပါ။

| သူနဲ့ သူ့မိသားစုဝင်တွေက စစ်တပ်နဲ့ ဘယ်လိုပတ်သက်ကြသလဲ၊ ဘယ်လောက်ရင်းနှီးကြသလဲ၊ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်သလဲ၊ ဘယ်မှာနေပါသလဲ စသဖြင့် Comment မှာသော်လည်းကောင်း၊ Chat Box သို့လည်းကောင်း ဖြည့်စွက်ကူညီပေးပို့နိုင်ပါတယ် |

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

60
Views

ထိုင်း-မြန်မာနယ်စပ်ရောက် အစ္စလာမ်ဘာသာဝင်တွေ မေတ္တာနဲ့နွေးထွေးခဲ့ရတဲ့နေ့

| ဘုန်းဘုန်း ကိုယ့်ရှေ့မှာ တောင်းပန်တဲ့စကားကြားရတော့ ကျနော် ကြက်သီးမွှေးညှင်းတွေထပြီး ကျေနပ်မိပါတယ် | ©အစ္စလာမ်ဘာသာဝင်တဦး...
51
Views

တော်လှန်ရေးပြီးရင်တော့ ခြံလေးတခြံစိုက်ပြီး သူလိုချင်တဲ့ စာအုပ်ဆိုင်လေးဖွင့်ပြီးတော့နေမယ်

◼ကဗျာဆရာ ဂနိုက် လို့လည်း သိကြတဲ့ ကိုဟိဏ်းမင်းကြည်ဟာ စစ်အာဏာသိမ်းတာကိုမကျေနပ်တဲ့အတွက် ပရိုဖိုင်အနီပြောင်းလဲလိုက်တာကြောင့် ရာထူးအချခံရပြီး တပ်သားအဖြစ်နဲ့...
60
Views

သဘာဝတရားကြီးက ကျနော့်ကို ဘတ်ဂီယာဖြုတ်ထားပေးတယ် ဆိုတဲ့ ဒါရိုက်တာ ကိုပေါက်

https://youtu.be/K1O_I3vp2c4 ◼ မသောက်မိသောမိုးခါးရေ ရုပ်ရှင်တို အပြီးမှာ ထွက်ရှိလာတဲ့ ရောင်နီလာရာလမ်း Documentary ရုပ်ရှင်အကြောင်းနဲ့အတူ ဒါရိုက်တာကိုပေါက်...
36
Views

ဒိုမီနိုအဖတ် အခြေအနေကို ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ

| နေပြည်တော်အခြေအနေက ဟန်ပြသာ သူတို့အပေါ်က သေနတ်မိုးပြီး အုပ်ချုပ်နေပေမဲ့ ဒိုမီနိုအဖတ်လိုပါပဲ နည်းနည်းလေးထိလိုက်တာနဲ့ သူတို့...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။