Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

စကစ ဒေါက်တိုင် ကံဇော် ရဲ့ သမီးအမေရိကန် အသေးစားလုပ်ငန်းရှင်ကြီး

Share this News:

◼စံနမူနာ ဖေဖေ


အမေရိကန်နိုင်ငံမှာ အသေးစားလုပ်ငန်းရှင်တဦးအဖြစ် မြန်မာပြည်ဖွားတဦးက အောင်မြင်မှုတွေ ရနေပါတယ်။
မြန်မာပြည်ဖွားအများစု လုပ်ကိုင်ကြတဲ့ ဆူရှီနဲ့ အခြားစားသောက်ကုန်လုပ်ငန်းတွေ မဟုတ်ပါဘူး။
အလှကုန်ပစ္စည်းတွေကို ကိုယ်တိုင်ဖန်တီး ထုတ်လုပ်တာပါ။
အချိန်တိုအတွင်းမှာပဲ အမျိုးသမီးလုပ်ငန်းရှင်နဲ့ ပတ်သက်တဲ့ ဆုတံဆိပ်တွေပါ ချီးမြှင့်ခံရပါတယ်။
သူက “ကျမရဲ့ စံပြပုဂ္ဂိုလ်က ကျမ အဖေပါ” လို့ ဆိုပါတယ်။
ဖခင် ဖြစ်သူကို စံနမူနာ ထားပြီး ကြိုးစားနေသူပါ။ ဒါဖြင့် သူ့ရဲ့ အဖေက ဘယ်သူပါလဲ။


◼အခွင့်အရေးသမားဖခင်


တချိန်က ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ စီးပွားရေးဆန်လှတဲ့ Master သင်တန်းတွေကို မှတ်မိကြဦးမှာပါ။
နအဖ ခေတ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သားသမီးတွေက ငွေအမြောက်အမြားသုံးပြီး တက်ကြရပါတယ်။
အကြောင်းရင်းကတော့ ထိပ်တန်းစစ်ခေါင်းဆောင်သားသမီးတွေနဲ့ ရင်းနှီးချင်လို့ပါပဲ။
အဲဒီလို သင်တန်းတွေကို ဒေါက်တာကံဇော် က ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဖြစ်တဲ့အချိန်မှာ ကိုယ်တိုင်ဦးစီးပြီး ဖွင့်လှစ်ခဲ့တာပါ။


အရင်ခေတ်က စစ်အာဏာရှင်တွေရဲ့ သားသမီးတွေက ပြည်ပထွက်ပြီး ပညာသင်ကြတာ ရှားပါးပါတယ်။
ဒါကြောင့် ဒေါက်တာ ကံဇော် ရဲ့ MBA Master Of Business Administration), MPA (Master Of Public Administration), MDS (Master Of Development Studies) သင်တန်းတွေက အောင်မြင်ပါတယ်။
ဗိုလ်ချုပ်မှူး​ကြီး သန်းရွှေ သမက်၊ ဗိုလ်ချုပ်ကြီးမောင်အေးရဲ့ သမီး နန္ဒာအေး (ဦးအောင်သောင်းရဲ့ ချွေးမ) ကစလို့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့ သား အပါအဝင် နအဖခေတ်ထိပ်တန်းလူကြီးသားသမီးတွေက တက်ကြပါတယ်။
တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလိုပါပဲ။


အခွင့်အရေးသမား ပါချုပ်ဟာ အဲဒီသင်တန်းတွေက ဝင်ငွေအမြောက်အမြား ရခဲ့သလို စစ်တပ်ထိပ်တန်းအသိုင်းအဝိုင်းနဲ့လည်း ရင်းနှီးသွားပါတော့တယ်။


◼အချောင် နိုင်ငံရေးရာထူး


ပါချုပ်ဘဝမှာ စီးပွားရေးသင်တန်းတွေအပြင် အခြားလက်ဇောင်းထက်တဲ့ကိစ္စလည်း ရှိပါသေးတယ်။အဲဒါကတော့ စစ်ဗိုလ်ချုပ်ကြီးတွေအကြိုက် နိုင်ငံရေးလှုပ်ရှားတဲ့လူငယ်တွေကို တက္ကသိုလ်ကနေ ထုတ်တဲ့နည်းနဲ့ နှိပ်ကွပ်တာပါပဲ။
ဒီလို စရိုက်နဲ့ သူ့ကို စစ်အာဏာရှင်ကြီးတွေက မျက်စိကျကြပါတယ်။


သူတို့ စစ်အစိုးရ ယန္တရားအတွက် အင်အားဖြစ်လာအောင် စနစ်တကျ မွေးမြူခဲ့ပါတယ်။
ဒါ့ကြောင့် ကိုယ့်ဖဲကိုယ်ချိုးပြီးတက်လာတဲ့ ဦးသိန်းစိန်က အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှာ (၂၀၁၁-၂၀၁၂) အထိ ဒုဝန်ကြီးခန့်ခဲ့ပါတယ်။


အဲဒီနောက် ၂၀၁၃ ကနေ ၂၀၁၆ အထိ ဝန်ကြီးရာထူးကို ထပ်မံ တိုးမြှင့်ပေးလိုက်ပါတော့တယ်။
ပါချုပ်အဆင့်မှာတောင် ကိုယ်ကျိုးစီးပွားကို ကျွမ်းကျင်စွာ မြင်တတ်သူဟာ ဝန်ကြီး ဖြစ်လာချိန်မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေက ဘယ်လောက်တိုးပွားလာမလဲ တွေးဆကြည့်နိုင်ပါတယ်။


အဲဒီထဲကမှ အသေးစားတခုကို ထုတ်နုတ်ပြရရင် နေပြည်တော်က ဧရာဝတီလမ်းမမှာ ဖွင့်လှစ်ခဲ့တဲ့ Eden Garden စားသောက်ဆိုင်ကြီးပါပဲ။


သူ့သား ဖုန်ကံဇော် နာမည်နဲ့ ပေ(၁၀၀)ပတ်လည် မြေကွက်ကြီးမှာ တခမ်းတနား ဖွင့်လှစ်ထားတာပါ။
နောက်ပိုင်းမှာတော့ စိုးလျှပ်စစ်ဖောင်ဒေးရှင်း ကို ရောင်းလိုက်ပြီး သုခစိုး နာမည်နဲ့ စားသောက်ဆိုင် ဖွင့်ထားပါတယ်။
နအဖ ခေတ်ကနေ စစ်တပိုင်းအစိုးရခေတ်အထိ အခွင့်အရေးရဖို့ ဘာမဆို မရှက်မကြောက် လုပ်ဝံ့သူ ဒေါက်တိုင် ကံဇော် ဖြစ်တယ်။

ဟုတ်ပါတယ်။ အဲဒါက သူ့ရဲ့ စံပြ အဖေပါပဲ။


◼သက်တမ်းရင့်လှသူ


NLD အစိုးရလက်ထက်မှာ ကြံ့ခိုင်ရေးပါတီဝင် အမတ်လောင်းအဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တာကလွဲရင် နိုင်ငံရေးလှုပ်ရှားမှု ဘာမှ မရှိပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းအပြီးမှာတော့ ချက်ချင်းဆိုသလို ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်လာပါတယ်။


(၁၈)လအကြာမှာတော့ အကြမ်းဖက်စကစရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ရာထူးကို ထပ်မံရရှိပြန်ပါတယ်။အကြမ်းဖက်စကစရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက သမီးဖြစ်သူကိုတော့ အမေရိကန်နိုင်ငံမှာပဲ စီးပွားရေးလုပ်ကိုင်စေလိုတဲ့သဘောမှာ ရှိပါတယ်။


◼တကယ်အခွင့်အရေး တက်ကြွသူလား


အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်ကံဇော်ရဲ့ သမီး ဖြစ်သူက Khinez Organics တည်ထောင်သူ ခိုင်ငွေနှင်းဇော် ပါ။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာမှာ အမေရိကန်လေတပ်အရာရှိဖြစ်တဲ့ ခင်ပွန်းသည်နဲ့အတူ ပန်ဆယ်ဗေးနီးယား ပြည်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။


လက်ရှိမှာလည်း အဲဒီပြည်နယ်ရဲ့ United Way: Women United နဲ့ Lehigh Valley Launchbox Ladies Program အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေတာပါ။


အသက်(၃၉)နှစ်အရွယ် သားငယ်တဦးရဲ့ မိခင်တဦး တင်မကဘဲ အမေရိကန်နိုင်ငံမှာ အောင်မြင်တဲ့ လုပ်ငန်းရှင်တဦးလို့ ဆိုရင် မမှားပါဘူး။


ပြီးတော့ ခိုင်ငွေနှင်းဇော် ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ဖခင်ဟာလည်း မကွေးတိုင်းသားလို့ ဆိုရင် မမှားနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တိုင်ကံဇော်က စလင်းမြို့မှာ မွေးခဲ့သူပါ။


မြန်မာနိုင်ငံမှာ အမျိုးသမီးငယ်တွေ အပါအဝင် မိခင်တွေဟာ အကြမ်းဖက်စကစရဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်တာကို နေ့စဉ် ခံနေကြရပါတယ်။


အထူးသဖြင့် သူ့ရဲ့ ဖခင်ဖြစ်သူ ဇာတိအရပ် မကွေးတိုင်းက အမျိုးသမီးအများစုဟာ အကြမ်းဖက်စကစရဲ့ လိင်အကြမ်းဖက်ပြီး သတ်ဖြတ်မှုကိုပါ ခါးစီးပြီး ခံစားနေကြရတာပါ။


ဒီလို လူမဆန်တဲ့ရာဇဝတ်မှုတွေကြောင့် အမေရိကန်နိုင်ငံက အကြမ်းဖက်စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။


တချိန်တည်းမှာပဲ စကစရဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရဲ့ သမီးကလည်း သူ့ရဲ့ အသေးစားလုပ်ငန်းကို အမေရိကန်နိုင်ငံမှာ တိုးချဲ့လို့နေပါတယ်။


ခိုင်ငွေနှင်းဇော် ဟာ တကယ်ပဲ အမျိုးသမီးအခွင့်အရေးတွေ၊ အမျိုးသမီးတွေနဲ့ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုတွေကို လေးစားသူလား။


ပန်ဆယ်ဗေးနီးယား ပြည်နယ်က Lehigh Valley အမျိုးသမီးလုပ်ငန်းရှင်အဖွဲ့အနေနဲ့ ပြန်စဉ်းစားစရာပါ။
အကြောင်းက . . .


သူ့ရဲ့ စံပြပုဂ္ဂိုလ်ဟာ သူ့အဖေလို့ ဖြေကြားထားလို့ပါပဲ။


| လုပ်ငန်း Website စာမျက်နှာကို Comment မှာဖော်ပြပေးထားပါတယ်၊ အခြားလိုအပ်တဲ့သတင်းအချက်အလက်တွေ ကူညီဖြည့်စွက်နိုင်ပါတယ် |

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

59
Views

ထိုင်း-မြန်မာနယ်စပ်ရောက် အစ္စလာမ်ဘာသာဝင်တွေ မေတ္တာနဲ့နွေးထွေးခဲ့ရတဲ့နေ့

| ဘုန်းဘုန်း ကိုယ့်ရှေ့မှာ တောင်းပန်တဲ့စကားကြားရတော့ ကျနော် ကြက်သီးမွှေးညှင်းတွေထပြီး ကျေနပ်မိပါတယ် | ©အစ္စလာမ်ဘာသာဝင်တဦး...
51
Views

တော်လှန်ရေးပြီးရင်တော့ ခြံလေးတခြံစိုက်ပြီး သူလိုချင်တဲ့ စာအုပ်ဆိုင်လေးဖွင့်ပြီးတော့နေမယ်

◼ကဗျာဆရာ ဂနိုက် လို့လည်း သိကြတဲ့ ကိုဟိဏ်းမင်းကြည်ဟာ စစ်အာဏာသိမ်းတာကိုမကျေနပ်တဲ့အတွက် ပရိုဖိုင်အနီပြောင်းလဲလိုက်တာကြောင့် ရာထူးအချခံရပြီး တပ်သားအဖြစ်နဲ့...
59
Views

သဘာဝတရားကြီးက ကျနော့်ကို ဘတ်ဂီယာဖြုတ်ထားပေးတယ် ဆိုတဲ့ ဒါရိုက်တာ ကိုပေါက်

https://youtu.be/K1O_I3vp2c4 ◼ မသောက်မိသောမိုးခါးရေ ရုပ်ရှင်တို အပြီးမှာ ထွက်ရှိလာတဲ့ ရောင်နီလာရာလမ်း Documentary ရုပ်ရှင်အကြောင်းနဲ့အတူ ဒါရိုက်တာကိုပေါက်...
36
Views

ဒိုမီနိုအဖတ် အခြေအနေကို ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ

| နေပြည်တော်အခြေအနေက ဟန်ပြသာ သူတို့အပေါ်က သေနတ်မိုးပြီး အုပ်ချုပ်နေပေမဲ့ ဒိုမီနိုအဖတ်လိုပါပဲ နည်းနည်းလေးထိလိုက်တာနဲ့ သူတို့...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။