Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ဗီတိုအာဏာသုံးပြီး ကန့်ကွက်တဲ့နိုင်ငံမရှိတဲ့အပြင် ထောက်ခံသူ (၁၂) နိုင်ငံ၊ ကြားနေ (၃) နိုင်ငံသာရှိခဲ့လို့ ဆုံးဖြတ်ချက်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်

Share this News:

◼အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင်

အကြမ်းဖက်စစ်ကောင်စီကို လက်ရှိကျုးလွန်နေတဲ့အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ဖမ်းဆီးခံထားရတဲ့သူတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ လူ့အခွင့်အရေးလေးစားဖို့ တောင်းဆိုချက်တွေပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကို လူ့အခွင့်အရေးလုံခြုံရေးကောင်စီက ဒီနေ့ချမှတ်လိုက်ပါတယ်။


ကုလဌာနတွေထဲမှာ အမြင့်ဆုံးဆုံးဖြတ်ချက်ချမှတ်တဲ့ဌာနလို့ ဆိုနိုင်တဲ့ ကုလလုံခြုံရေးကောင်စီအနေနဲ့ လွန်ခဲ့တဲ့ (၇၄) နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပထမဦးဆုံးချမှတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။


မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင်က လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံတို့မှာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ဘူးပါတယ်။ လုံခြုံရေးကောင်စီမှာလည်း ကြေညာချက် (Statement) တွေ ထုတ်ပြန်ခဲ့ဘူးပါတယ်။


အခုထုတ်ပြန်ခဲ့တာကတော့ ကောင်စီဆုံးဖြတ်ချက် (resolution) အဆင့်ဖြစ်ပါတယ်။ လေးစားလိုက်နာဖို့လိုအပ်တဲ့အဆင့်ပါ။
ဒီလိုဆုံးဖြတ်နိုင်ဖို့အတွက် အမြံတမ်းအဖွဲ့ဝင် (၅) နိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် (၁၀) နိုင်ငံက မဲခွဲဆုံးဖြတ်ပြီး မဲအနည်းအများနဲ့ ဆုံးဖြတ်ပါတယ်။


ဒါ့အပြင် အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံထည်းက တနိုင်ငံကနေ ဗီတိုအာဏာသုံးပြီး ကန့်ကွက်ရင် အတည်ပြုလို့မရပါဘူး။
အခုလိုဆုံးဖြတ်ချက်ချနိုင်ခြင်းက ဗီတိုအာဏာသုံးပြီး ကန့်ကွက်တဲ့နိုင်ငံမရှိတဲ့အပြင် ထောက်ခံသူ (၁၂) နိုင်ငံ၊ ကြားနေ (၃) နိုင်ငံသာရှိခဲ့လို့ ဆုံးဖြတ်ချက်အတည်ပြုနိုင်ခဲ့တာဖြစ်ကြတယ်။


ထူးခြားချက်က တရုတ်နဲ့ ရုရှားနိုင်ငံတို့က မကန့်ကွက်ဘဲ အိန္ဒိယနိုင်ငံနဲ့အတူ ကြားနေမဲပေးခဲ့တာဖြစ်ပါတယ်။


အခုဆုံးဖြတ်ချက်က ကုလလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်တဲ့ တိုးတက်ပြောင်းလဲသော ခြေလှမ်းတခုလို့ပြောနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီကီု တောင်းဆိုမှုနဲ့ နိုင်ငံတကာကလုပ်ဆောင်ရန်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တံ့ရန်ဆိုတဲ့အချက်မျိုးတွေ ကျန်ခဲ့ပါတယ်၊ ဒါတွေကို မလိုက်နာရင် နိုင်ငံတကာအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့အဆင့်ထိတော့ မပါဝင်လာသေးပါဘူး။

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကနေ နိုင်ငံတကာက ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမယ့်လုပ်ငန်းတွေအတွက် ခွန်အားသက်ရောက်မှု ကြီးကြီးမားမားဖြစ်စေပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို နောက်ထပ်အရှိုက်ထိစေတဲ့ လုပ်ဆောင်ချက်နဲ့ ရပ်တည်ချက်တွေကို မဲပေးမှုအပေါ်သုံးသပ်ရင် တွေ့နိုင်ပါတယ်။

အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ မြန်မာ့အရေးကို ပြည်တွင်းရေးဖြစ်တယ်ဆိုပြီး မျက်နှာလွှဲလက်ရှောင်နေတဲ့ ကုလသမဂ္ဂဝင်နိုင်ငံတွေကို တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

မြန်မာ့အရေးဟာ ကမ္ဘာမှာမအေးသေးဘူးဆိုပြီး မြန်မာပြည်သူတွေကို အားပေးလိုက်တဲ့လုပ်ဆောင်ချက်တခုဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ ကြိုးပမ်းလုပ်ဆောင်သွားပါ့မယ်။

©ဦးအောင်မျိုးမင်း (လူ့အခွင့်အရေးဝန်ကြီး)
အမျိုးသားညီညွတ်ရေးအစိုးရ။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

29
Views

လက်ခုပ်တီးချင်စိတ်ကို ထိန်းမရလို့

ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ ဘဝပြောင်းသွားတာကို အားလုံးသိပြီးဖြစ်မှာပါ။ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အကြမ်းဖက်စစ်တပ်အသိုင်းအဝိုင်းက လိမ်လည်နေတာတွေ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။