Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

လက်ခုပ်တီးချင်စိတ်ကို ထိန်းမရလို့

Share this News:

ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ ဘဝပြောင်းသွားတာကို အားလုံးသိပြီးဖြစ်မှာပါ။

ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အကြမ်းဖက်စစ်တပ်အသိုင်းအဝိုင်းက လိမ်လည်နေတာတွေ သတင်းထုတ်ပြန်နေတာတွေ မြင်မကောင်းအောင် လုပ်နေကြတယ်။

ထုတ်ပြန်တဲ့အခါမှာလဲ ဒီလိုလာတိုက်မှာကို ကြိုတင်သတင်းရထားလို့ သေချာပြင်ဆင်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောထားသေးတယ်။

ဒါ့အပြင် အလစ်အငိုက် ဝင်တိုက်ခံရတယ်တို့၊ ကြံ့ကြံ့ခံ ပြန်လည်ပစ်ခတ်တိုက်ခိုက်လို့ အကျအဆုံးများပြီး ပြန်ဆုတ်သွားတယ်တို့၊ တပ်ထဲကိုမဝင်နိုင်ဘဲ ​တပ်ခြံစည်းရိုးနားက လူမနေတဲ့အဆောက်အဦတွေပဲ မီးရှို့ခံခဲ့ရတယ်တို့ စသဖြင့် သူရဲကောင်းတမျှ လုပ်ကြံပြောဆိုထားသေးတယ်။

သတင်းကြိုရလို့ တပ်နယ်အတွင်းမှာရှိတဲ့ အရာရှိ စစ်သည် ရဲမေများကို အသင့်စုဖွဲ့ပြီးလုံခြုံရေးယူခိုင်းထားတယ်တဲ့။

အဲ့ဒါသာအမှန်ဆိုရင်ပိုဆိုးသွားပြီ။

ဒီလောက်ပြင်ဆင်တာတောင် ယာယီတပ်ရင်းမှူးအပါဝင် အကျအဆုံးများတယ်ဆိုတော့ စဥ်းစားသာကြည့်တော့။ ရဲရဲတောက် တိုက်စွမ်းရည်တွေ ကောင်းနေလိုက်ပုံများ ပြောပါတယ်။

နောက်ထပ်သိရတဲ့သတင်းတစ်ခုက အစောပိုင်းအခြေအနေမှာ ရင်းမှူးမိန်းမတစ်ယောက် အဖမ်းခံရတယ်။

နောက်ပိုင်း လေကြောင်းပစ်ကူကြောင့် အဖွဲ့တွေရှောင်ကြဆုတ်ကြချိန်မှာ ပြန်လွတ်သွားတယ်တဲ့။ ဒါကလဲအမှန်ပဲဖြစ်ဖို့များတယ်။

ပြန်လွတ်သွားတာတော့ သူတို့အတွက်ပြောစရာဖြစ်သွားတာပေါ့။ ”မင်းတို့ပြောတော့ အဖမ်းခံရတယ်ဆို အခုဆုတောင်လက်ခံနေတယ်…”တဲ့။

စဥ်းစားကြည့်ပါဦး။

ဝါဒဖြန့်တဲ့ပုံတက်လာချိန်မှာ သူတို့ကို ထောက်ခံသူတွေနဲ့ သူတို့အသိုင်းအဝိုင်းကတော့ အဟုတ်မှတ်နေမှာပေါ့။ သိတဲ့သူတွေကတော့ရယ်ကြတယ်။

ဒီလောက်ဖြစ်ပျက်နေတဲ့အတော့အတွင်း အဲ့လိုနေရာမျိုးကို လူကြီးကတော်တွေ တစ်ကယ်ပဲ ဆင်းတွေ့တယ်လို့ ထင်လို့လား။ အဲ့လောက် သတ္တိကောင်းတယ် မှတ်နေလား။

တစ်ကယ်သာဆို သူတို့လက်အောက်စစ်သည်ရဲမေတွေက ဦးတောင်ကုန်းချဦးမယ်။ တစ်သက်လုံးမရှိခဲ့ဖူးဘူး။ ပုံမှာပါတဲ့ ရက်စွဲထည့်ထားပုံကလဲ နားလည်သူတွေအတွက် လုပ်ကြံထားမှန်းသိသာတယ်။

အုန်းအုန်းဂျိမ်းဂျိမ်းဖြစ်နေတဲ့အခြေအနေမှာ ဝတ်ထားတဲ့ယူနီဖောင်းဟာ ခေါက်ရိုးမကျိုးဘူး။ ဒီလိုတွေပြောပြန်ရင်လဲ အကြောင်းပြချက်ပေါင်းစုံနဲ့ ခံငြင်းနေကြမှာပါပဲ။

လူမနေတဲ့အဆောက်အဦတွေလောက်ပဲ မီးရှို့ခံရတယ်လို့ပြောထားတယ်။

သူတို့ပြောသလိုသတင်းကြိုရထားတယ်ဆိုရင် ခြံစည်းရိုးကပ်လျက် အဆောက်အဦးတွေမှာ သူတို့လူတွေထားပြီး မပြင်ဆင်တော့ဘူးတဲ့လား။

အခုလိုမီးရှို့ခံရတာနဲ့တင် ဘယ်လောက်အရေးယူခံရမလဲ မသိဘူး။

ရှိစုမဲ့စုသိက္ခာတော့ မြောင်းထဲအရင် ပစ်ထည့်လိုက်။

ဒါတွေမတိုင်ခင်က ပြောသေးတယ်။

ချုံမခိုနဲ့ ချောင်းမပစ်နဲ့တဲ့။ တိုက်ရဲရင် ဒဲ့လာတိုက်တဲ့။ တပ်ရင်းတွေကိုဝင်တိုက်တဲ့။ တိုက်တော့လဲ ဂန့်တာပဲ။

အလစ်တိုက်ခံရလို့ ထိခိုက်တာတဲ့။ ဘယ်အချိန်လာချမယ်ဟေ့လို့ပြောရအောင် သူတို့လိုဦးနှောက်မရှိတဲ့သူတွေလို့ ထင်နေလားမပြောတတ်။

အဲ့ဒါထက်ပိုဆိုးတာက ဘဝပြောင်းသွားတဲ့ ယာယီတပ်ရင်းမှူးရဲ့ နာရေးကို မပြုလုပ်ပါနဲ့လို့လာတောင်းဆိုတယ်တဲ့။ ဒါသာအမှန်ဆိုရင် သိပ်သနားဖို့ကောင်းတယ်။

အခုလိုခေတ်အခြေအနေမှာ လိမ်လည်ဖုံးဖိဖို့ဆိုတာ အတော်မလွယ်တာပါ။ သူ့တို့အတွက်လုပ်ပေးရင်း ဘဝပြောင်းသွားတဲ့သူကိုတောင် နာရေးမလုပ်ရဘူးတဲ့။ မိဘတွေ အတော်ခံစားရမှာပဲ။

အခုလိုဖြစ်သွားပြီဆိုမှ အဲ့လူကအတော်စိတ်ထားကောင်းတာ၊ စွန့်လွှတ်အနစ်နာခံတာ ဘာညာနဲ့မျက်ရည်ကချူသေးတယ်။ သူတို့အတွက်တော့ဟုတ်ရင်ဟုတ်မယ်။

ပြည်သူအတွက်တော့ အကြမ်းဖက်စစ်တပ်ထဲကလူတိုင်းဟာ ဘယ်လိုမှလူကောင်းမဟုတ်ဘူး။ သာယာကူးမယ့်စိတ်နဲ့ အခွင့်အရေးမျှော်ပြီး အခုထိမှေးနေတဲ့သူအကုန်လုံးက လူဆိုးချည်းပဲ။

လူကောင်းလို့ပြောချင်လား။

ပြည်သူဘက်ရပ်ပြီး သက်သေပြလိုက်။

အဲ့လိုမှမဟုတ်ရင်တော့ အခုလိုသတင်းတွေကြားလေ ပြည်သူကလက်ခုပ်တီးလေပဲ။

သူများနိုင်ငံမှာ စစ်သားကျဆုံးရင် ပြည်သူတွေက ဝမ်းနည်းကြောင်းအထိန်းအမှတ်နဲ့ အုံးအုံးထဂုဏ်ပြုကြတယ်။

မြန်မာစစ်သားဖြစ်တာနဲ့တော့ လားလားမှမဆိုင်။

ပြည်သူကဂုဏ်ပြုမယ်ဆိုတာအသာထား ကာယကံရှင်မိသားအနေနဲ့ ငိုချင်ရင်တောင် ခိုးငိုပဲ။ မကြားအောင်ငိုပဲ။

ဘာလို့ဆို ပြည်သူက အဲ့လိုငိုသံကြားရင် လက်ခုပ်တီးချင်စိတ်ကို ထိန်းမရလို့။

◼ထက်မြက် (CDM ဗိုလ်ကြီး)

©The Voice of Spring

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

78
Views

ဗီတိုအာဏာသုံးပြီး ကန့်ကွက်တဲ့နိုင်ငံမရှိတဲ့အပြင် ထောက်ခံသူ (၁၂) နိုင်ငံ၊ ကြားနေ (၃) နိုင်ငံသာရှိခဲ့လို့ ဆုံးဖြတ်ချက်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်

◼အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင် အကြမ်းဖက်စစ်ကောင်စီကို လက်ရှိကျုးလွန်နေတဲ့အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ဖမ်းဆီးခံထားရတဲ့သူတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ လူ့အခွင့်အရေးလေးစားဖို့...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။