Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

စစ်ကိုင်းမြို့ အခြေစိုက်အမှတ်(၃၃) အကြမ်းဖက်စစ်တပ် ထုံးဘိုးရွာ က ဒေသခံနေအိမ်များနဲ့ ဘုန်းကြီးကျောင်းတို့ကို မီးရှို့ဖျက်ဆီး

Share this News:

ဒေသခံတဦးကို အရှင်လတ်လတ် ခြေလက်များဖြတ်တောက် ကာ မီးရှို့သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ထုံးဘိုကျေးရွာကို အကြမ်းဖက် စစ်တပ်ဟာ ဇန်နဝါရီ (၁၇)ရက်မှာ လက်နက်ကြီးတွေနဲ့ စစ်ကြောင်းထိုးပစ်ခတ် ဝင်ရောက်ပြီးတော့ ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ တယ်လို့သိရပါတယ်။

ဒါ့အပြင် ဒေသခံတဦးကိုလည်း အရှင်လတ်လတ် ခြေလက်တွေဖြတ်တောက်ပြီးတော့ ရက်ရက်စက်စက် မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ Wetlet Informational Network ရဲ့ ထုတ်ပြန်ထားပါတယ်။

အခုလို အကြမ်းဖက် မီးရှို့ လူသတ်ခဲ့တဲ့ စစ်တပ်ဟာ စစ်ကိုင်းမြို့ အခြေစိုက် အမှတ် (၃၃) စစ်ကြောင်းဖြစ်ပြီး အဲဒီစစ်တပ်ဟာ စစ်ကိုင်းမြို့ကနေ ဇန်နဝါရီ (၁၆) ရက်မှာ ည (၁၁) နာရီအချိန်က ထွက်ခွာလာခဲ့ပြီး ထုံးဘို ရွာကို ဇန်နဝါရီ (၁၇) ရက်မှာ အခုလို အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ထုံးဘိုရွာက ဒေသခံနေအိမ် (၁၅) လုံးနဲ့ ဘုန်းကြီးကျောင်း (၂) ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတဦး ကို အခုလိုရက်စက်စွာ သတ်ဖြတ်ထားခဲ့တာဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

22
Views

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ Burma Act ကို ထိထိရောက်ရောက်အကူညီပေးနိုင်ဖို့ အမေရိကန် စတင်

အကြမ်းဖက် စစ်ကောင်စီကို ရုရှားက ပိုမိုထောက်ပံ့မှုပြုလုပ်နေလျှင် အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေကို နှစ်ဆတိုး ကူညီသွားမည် အမေရိကန် သမ္မတ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။