Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ Burma Act ကို ထိထိရောက်ရောက်အကူညီပေးနိုင်ဖို့ အမေရိကန် စတင်

Share this News:

အကြမ်းဖက် စစ်ကောင်စီကို ရုရှားက ပိုမိုထောက်ပံ့မှုပြုလုပ်နေလျှင် အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေကို နှစ်ဆတိုး ကူညီသွားမည်

အမေရိကန် သမ္မတ ကိုယ်တိုင်လက်မှတ်ရေးထိုး ထားပြီး NDAA မှာ ပါဝင်တဲ့ Burma Act ကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကန်က စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ပုဂ္ဂိုလ် Derek Chollet ရဲ့ ပြောကြားချက် အရသိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီကို ရုရှား ဘက်က တိုးပြီးထောက်ပံ့လာခဲ့ရင် မြန်မာပြည်သူတွေကို နှစ်ဆတိုးပြီး ထောက်ပံ့ကူညီသွားမယ်လို့ Derek Chollet က VOA သတင်းဌာနနဲ့ ဇန်နဝါရီ (၂၀) ရက်မှာ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် အနေနဲ့ NUG အစိုးရကို သာမက တိုင်းရင်းသားအဖွဲ့အစည်းတွေကို ပါ ဆက်သွယ်နေပြီး Burma Act အရ ထိထိရောက်ရောက် အကူညီပေးနိုင်ဖို့ကို ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။

NDAA အမျိုးသားကာကွယ်ရေး အသုံးစရိတ် ဥပဒေအရ Burma Act မှာ မြန်မာ့ အရေး တိုက်ပွဲဝင်နေတဲ့ NUCC ၊ NUG ၊ PDF ၊ CDM နဲ့ တိုင်းရင်းသား အင်အားစုတွေအတွက် Non-lethal support (လူကို သေစေနိုင်ခြင်းမရှိတဲ့အရာ) အထောက်အပံ့တွေ အဖြစ် အမေရိကန် ဒေါ်လာ ၁၃၆ သန်း ကူညီသွားမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက ပေးမယ့် အကူအညီတွေထဲမှာ လက်နက်၊ ခဲယမ်းကလွဲပြီး တိုက်ခိုက်ရေးနဲ့ ပတ်သက်တဲ့ အထောက်အကူပစ္စည်းကစလို့ ဆေးဝါးနဲ့ အုပ်ချုပ်ရေး နည်းပညာပိုင်းအထိ အတော်များများ အကူအညီပေးနိုင်မယ့် အရာတွေ ပါ၀င်မှာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီဟာ သတင်းလွတ်လပ်ခွင့်မရှိဘဲ ထင်ရှားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချပြီး ရွေးကောက်ပွဲကျင်းပမယ်ဆိုတာကို အမေရိကန်က အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ​ပြော

ကြားခဲ့တာဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။