Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက် စစ်ကောင်စီကြောင့် မီးဘေးသင့် ရတဲ့ စစ်ဘေးရှောင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စောင်နဲ့ အဝတ်အထည်တွေ လှူဒါန်း

Share this News:

◼စစ်အုပ်စုမီးရှို့လို့ ဒုက္ခရောက်နေချိန် မှာ အခုလို လာရောက်လှူဒါန်းတဲ့အတွက် PDF တွေကို ဒေသခံတွေက အထူးကျေးဇူးတင်ရှိကြောင်းပြောကြား ခဲ့

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက အကြမ်းဖက် စစ်ကောင်စီကြောင့် မီးဘေးသင့် ရပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို SNAKE EYES – PDF အဖွဲ့က အဝတ်အထည်နဲ့ စောင်တွေ သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ (၁၉) ရက် က မီးဘေးသင့်ရွာ သုံးရွာ တို့အတွက် ပေးအပ်လှူဒါန်းခဲ့ကြတာပါ။ ပြည်တွင်းပြည်ပ အလှူရှင်တွေက လှူဒါန်းထည့်ဝင်ခဲ့တာတွေကိုSNAKE EYES – PDF အဖွဲ့ က ပြန်လည်မျှဝေလှူဒါန်းပေးခဲ့ကြတာပါ။

ခုလို ဆောင်းကာလအချိန်မှာ စစ်အုပ်စု က မီးရှို့လို့ နေစရာမရှိအကာကွယ်မဲ့နေကြရတဲ့အချိန်မှာ စောင်နဲ့ အဝတ်အထည်တွေလာရောက်လှူဒါန်းပေးကြတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အထူးကျေးဇူးတင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြည်သူ့ ခုခံတော်လှန်စစ်အင်အားကောင်းတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းအမျိူးမျိုးနဲ့ ရွာတွေကိုဝင်ရောက်ဖျက်စီးနေတာလည်းဖြစ်ပါတယ်။

လတ်တလောရရှိထားတဲ့စာရင်းတွေအရ အိမ်ခြေပေါင်း ၂၇,၄၉၆ ကျော်ဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးခြင်းတွေကို ခံထားရတာဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
285
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
369
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။