Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

Share this News:

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ (၂၀)ရက် မနက် ၈ နာရီ အချိန်မှာ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟို (KMIC) ရဲ့ သတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။

ရှားတောမြို့အနီး က အကြမ်းဖက် စစ်ကောင်စီ ခမရ (၅၁၀)တပ် ရဲ့ မြို့တွင်းစခန်းကို ကရင်နီတပ်မတော်(KA) နဲ့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဖရူဆိုအခြေစိုက် ခမရ (၅၃၁)တပ် ကိုလည်း ဖေဖေါ်ဝါရီ (၁၆) ရက်မှာ ကရင်နီတပ်မတော်က ဝင် ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတဦး သေဆုံးခဲ့ပါတယ်။

အခုလိုတိုက်ပွဲတွေကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ဖရူဆိုမြို့အရှေ့ခြမ်းတစ်လျှောက် ကင်းထောက် ရဟတ်ယာဥ်တွေနဲ့ ထောက်လှမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရှမ်း-ကရင်နီ နယ်စပ်တိုက်ပွဲမှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်သား ငါးဦးဖမ်းဆီးရမိပြီး ခြောက်ဦးသေဆုံးခဲ့ပြီး လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ ကို ဖေဖေါ်ဝါရီ (၁၉) ရက်မှာ ကရင်နီတပ်မတော် KAက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

336
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
90
Views

တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ် ဆက်လက်ရပ်တည်နိုင်ရန် အကူအညီလိုအပ်လျက်ရှိ

စစ်ကိုင်း၊ တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် ပြည်သူတွေဆီက အကူအညီတောင်းခံနေရတယ်လို့...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။