မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကုက္ကိုလ်စုကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများ စခန်းချပြီး အနီးနားကျေးရွာများကို အနိုင်ကျင့်နှိပ်စက်နေတာ ကြောင့် ဒေသခံကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က တဦး သေဆုံးခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပေါက်မြို့နယ်က စစ်ကောင်စီ စခန်းကို စစ်သား (၂၅) ဦး ခန့် နဲ့ ပျူအဖွဲ့များကို အစောင့်ချထားခြင်းဖြစ်တယ်လို့သိရပါတယ်။
ကုက္ကိုလ်စု ရွာဟာ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိနေတာလည်းဖြစ်ပါတယ်။
ပေါက်မြို့နယ်အပါအဝင် ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စခန်းသိမ်းခါနီးတွင် စစ်ကောင်စီ ဘက် က ရဟတ်ယာဉ်တစီးနဲ့ခြောက်ကြိမ်တိုင်တိုင်လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။