Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

Share this News:

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား

ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား (၈၀) ခန့်ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ(၁၉)ရက်မှာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့( PDF )အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၁၅)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ အနီးနားရှိ ကလုံရွာက ဒေသခံ နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ဖေဖေါ်ဝါရီ (၁၉) ရက်က စတင်ပြီး ကလုံရွာမှာ တပ်စွဲကာ အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

လက်ရှိအခြေအနေမှာ ကသာမြို့နယ်အတွင်း က ကျွန်းပင်ရွာ၊တမန်းဒေါင့်ရွာ နဲ့ ဖွက်ရွာတို့မှာ စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကောင်စီက တပ်စွဲထားတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ချက်အရ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
369
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...
94
Views

တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ် ဆက်လက်ရပ်တည်နိုင်ရန် အကူအညီလိုအပ်လျက်ရှိ

စစ်ကိုင်း၊ တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် ပြည်သူတွေဆီက အကူအညီတောင်းခံနေရတယ်လို့...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။