Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

Share this News:

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ

ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းဒေသကာကွယ်ရေးတပ် (CDF) တို့ သိမ်းပိုက်ထားတဲ့ ထန်တလန် ရဲစခန်းအပါအဝင် ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဖေဖေါ်ဝါရီ (၂၃) ရက်မှာ ချင်းအမျိုးသားတပ်မတော် (CNA ‌) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ – CNA | စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ထန်တလန်ရဲစခန်းအား တွေ့ရစဉ်။

ထန်တလန်ရဲစခန်းကို သိမ်းပိုက်ခဲ့ပြီး‌တဲ့နောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ထိခိုက်ဒဏ်ရာရရှိသေဆုံးမှုများရှိခဲ့ပြီး
စစ်ကောင်စီတပ်ထံမှာ လက်နက်များကိုလည်း ချင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

အဲဒီရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက ပြန်သိမ်းပိုက်မယ်လို့ ထုတ်ပြန်ထားပေမယ့်လည်း လက်တွေ့မြေပြင်မှာ
ချင်းတပ်ဖွဲ့က ထိန်းချုပ်ထားတာကို မယှဥ်နိုင်တဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကိုသာ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဥ်နဲ့ ရဲစခန်းနေရာကို လေးကြိမ်လာရောက်ဗုံးကြဲချခဲ့တာဖြစ်ပြီး ရဲစခန်းသာ ထိခိုက်ပျက်စီးခဲ့ပြီး ချင်းတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...
90
Views

တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ် ဆက်လက်ရပ်တည်နိုင်ရန် အကူအညီလိုအပ်လျက်ရှိ

စစ်ကိုင်း၊ တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် ပြည်သူတွေဆီက အကူအညီတောင်းခံနေရတယ်လို့...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။