Donation

One time Donation

Monthly Donation

  • Etiam est nibh, lobortis sit
  • Praesent euismod ac
  • Ut mollis pellentesque tortor

Donation

One time Donation

Monthly Donation

  • Etiam est nibh, lobortis sit
  • Praesent euismod ac
  • Ut mollis pellentesque tortor

Donation

One time Donation

Monthly Donation

  • Etiam est nibh, lobortis sit
  • Praesent euismod ac
  • Ut mollis pellentesque tortor

Donation

One time Donation

Monthly Donation

  • Etiam est nibh, lobortis sit
  • Praesent euismod ac
  • Ut mollis pellentesque tortor

Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ကုလလုံခြုံရေး ကောင်စီ ရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြိုဆို

Share this News:

◼မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းပြန်ရဖို့ အခြားနည်းလမ်းသစ်တွေရှာဖွေရန်လိုအပ်

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က အမေရိကန်သံရုံးကနေတဆင့် သတင်းထုတ်ပြန်လိုက်တာပါ။

ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်အနေနဲ့ ကြိုဆိုပေမယ့်လည်း မြန်မာနိုင်ငံတွင်းအကြပ်အတည်းအတွက် တရားမျှတတဲ့ ဖြေရှင်းမှုတစ်ခုပေါ်ပေါက်လာစေဖို့ လုံခြုံရေးကောင်စီက ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေရှိနေသေးတာကြောင့် အခုအခွင့်ရေးကို အသုံးချပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် နည်းလမ်းသစ်တွေနဲ့ ဆောင်ရွက်သွားရမှာဖြစ်ပြီး အာဆီယံ သဘောတူညီချက် (၅)ရပ်ကိုလည်း ထိရောက်စွာ အကောင်ထည်ဖော်ဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားများကို ပြန်လွှတ်ဖို့ နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အကန့်အသတ်အထိန်းအချုပ်မရှိ ခွင့်ပြုဖို့၊ အစရှိတာတွေ ပါဝင်ပါတယ်။

ဆက်လက်ပြီးတော့ ထုတ်ပြန်ချက်မှာ လူနည်းစု အသိုက်ဝန်းတွေ အတွက်လည်းဖော်ပြထားပါတယ်။

လူနည်းစုအသိုက်အဝန်းတွေကို ကာကွယ်စောင့်ရှောက် ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို လေးစားဖို့ အတွက်ကို စစ်အာဏာရှင်အဖွဲ့အစည်းကို နိုင်ငံတကာအသိုက်အဝန်းက အလေးအနက်ပေးပို့ တဲ့ သတင်းစကားဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ကြေညာချက်မှာ ဖော်ပြထားတာပါ။

အမေရိကန်အနေနဲ့လည်း အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ အတူတကွဆောင်ရွက်သွားမယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာမြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အရပ်သားပြည်သူတွေကို ဖိနှိပ်ချုပ်ခြယ်မှုနဲ့ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတာကို အဆုံးသတ်ဖို့ နဲ့ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

284
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
256
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
340
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
174
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။