Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက်စစ်တပ်နဲ့ ပျူတွေက သီတဂူနာယက(၁၀)ပါး စာရင်းဝင် ဆရာတော်တပါးနဲ့ အမျိုးသမီးငယ်(၁)ဦးကို ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ သတ်ဖြတ်ခဲ့

Share this News:

စစ်ကိုင်းတိုင်း၊ ဒီပဲယင်း ကွဲကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ ကြွယ်ပုံ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်စီးနင်းဝင်ရောက်ပြီး ရွှေဂူကြီးကျောင်းတိုက်ဆရာတော်တပါးနဲ့ အမျိုးသမီးငယ်(၁)ဦးကို ဇန်နဝါရီ(၆)ရက်၊ မနက် ၅ နာရီခန့်မှာ ဘုန်းကြီးကျောင်းဝန်းအတွင်းမှာပဲ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီတွေ သတ်ဖြတ်ခဲ့တဲ့ ရွှေဂူကြီးကျောင်းဆရာတော်ဟာ သီတဂူ ဗုဒ္ဓတက္ကသိုလ်က BA. Buddha ဘွဲ့ရရှိထားသူဖြစ်ပြီး သီတဂူ နာယက (၁ဝ)ပါး စာရင်းဝင် အရှင်ဂန္ဓသာရ (စာချဆရာတော်၊ မန္တလေးမြို့ မဟာမင်းဒင်စာသင်တိုက်) ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း PDF တပ်ရင်း(၁)က သတင်းထုတ်ပြန်ထားတာပါ။

ရွှေဂူကြီးဆရာတော်နဲ့အတူ အသတ်ခံခဲ့ရတဲ့အမျိုးသမီးမှာ အသက် (၃၂) အရွယ်၊ မခင်စုမွန် ဆိုသူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆရာတော်နဲ့အတူ တိမ်းရှောင်နေရင်း အတူတကွ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၅၀ ကျော်ကိုလည်း အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ PDF တွေနဲ့လည်း တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
©The Voice of Spring

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
285
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
369
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။