Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ မူးယစ်ဆေးဝါးနှင့်လက်နက်မှောင်ခို ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေမှုကို လူသိထင်ရှားစုံစမ်းဖော်ထုတ်ပေးရန် (APHR)က တောင်းဆို

Share this News:

အကြမ်းဖက် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ မိသားစုဟာ မူးယစ်ဆေးဝါးနဲ့လက်နက်မှောင်ခို ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်နေမှု ရှိမရှိ စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းအစိုးရကို အာဆီယံလူ့အခွင့်အရေးအမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ Charles Santiago က ဇန်နဝါရီ (၁၁) ရက် မှာ တိုက်တွန်းတောင်းဆိုလိုက်တယ်လို့သိရပါတယ်။

စစ်ခေါင်းဆောင်ရဲ့မိသားစုဟာ အဲဒီလုပ်ငန်းတွေမှာ ဘယ်လိုအတိုင်းအတာအထိ ပါဝင်ပတ်သက်နေသလဲဆိုတာကို လူသိထင်ရှားစုံစမ်းဖော်ထုတ်ပေးဖို့နဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်တာတွေရှိခဲ့လို့ ပြစ်မှုထင်ရှားရင် တရားစွဲ အရေးယူဖို့ကိုလည်း APHR က တောင်းဆိုထားပါတယ်။

မြန်မာခရိုနီ တဦးဖြစ်သူ မူးယစ်မှောင်ခို နဲ့ လက်နက်ပွဲစားတဦးဖြစ်သူ ဦးထွန်းမင်းလတ်ထံမှ ထိုင်းအစိုးရက သိမ်းဆည်းရမိထားတဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေထဲမှာ မင်းအောင်လှိုင်ရဲ့ သားဖြစ်တဲ့ ဦးအောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ဖိုးရှိ အဆင့်မြင့်ဇိမ်ခံ Belle Rama 9 ကွန်ဒိုရှိ အခန်းအချို့နဲ့ ဒေါ်ခင်သီရိသက်မွန် ရဲ့ SCB ဘဏ်စာအုပ်တွေ ပါဝင်ခဲ့တယ်ဆိုတာကို Justice For Myanmar က​ ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

290
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။