Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မကွေးတိုင်း မြိုင်မြို့နယ် ရှိ ဗဟင်းတိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ အကြောင်းမဲ့ လာရောက်ပစ်ခတ် ၊ အသက်(၆၀) အရွယ် အဘွားတဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့

Share this News:

မကွေးတိုင်း မြိုင်မြို့နယ် ရှိ ဗဟင်း တိုက်နယ် ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဇန်နဝါရီ (၂၁) ရက်မှာ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဆေးရုံမှာရှိတဲ့ လူနာ (၅၀)ခန့်ကို အရေးပေါ် ကယ်ထုတ်ခဲ့ရတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။

အဲဒီ ဗဟင်း တိုက်နယ်ဆေးရုံဟာ လက်ရှိမှာ NUG အစိုးရကျန်းမာရေးဝန်ကြီးဌာနက တာဝန်ယူဖွင့်လှစ်ပေးနေတဲ့ ဆေးရုံလည်းဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးရဟတ်ယာဉ် (Mi 35) နဲ့ ဗဟင်းဆေးရုံကို နာရီဝက်ခန့်ကြာအောင် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် လက်နက်ကြီးကျည် အချက် ၃၀ ခန့်ထိမှန်ခဲ့ပြီး ဆေးရုံတခုလုံးနီးပါး ပျက်စီးခဲ့တဲ့အတွက် ယာယီ ပိတ်ထားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဗဟင်းတိုက်နယ် ဆေးရုံ

အဲဒီ ဗဟင်းတိုက်နယ်ဆေးရုံမှာ မွေးလူနာ ၊ ခွဲစိပ် လူနာများအပြင်ကလေး၊ လူကြီး အယောက် (၅၀) ကျော်ရှိနေပြီး အဲဒီ လူနာတွေကို နီးစပ်ရာကျေးရွာများနဲ့ ဆွေမျိုးသားချင်းအိမ်တွေကို အရေးပေါ်ကယ်ထုတ်ခဲ့ ရတာဖြစ်ပါတယ် ။

စစ်ကောင်စီတပ် ဟာ ဆေးရုံရဲ့ တည်နေရာအတိ အကျကို (Mi 35) လက်နက်ကြီးနဲ့လေးကြိမ်ပစ်ခတ်ခဲ့တာ ဖြစ်ပြီး မြေပြင်တိုက်ပွဲများမရှိဘဲ နဲ့ အကြောင်းမဲ့လာရောက်တိုက်ခိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်း က လာရောက်ပစ်ခတ်နေတုန်းမှာ ဆေးရုံနောက်ဖက်မှာရှိတဲ့ သစ်ပင်အောက်မှာ ပုန်း နေတဲ့ အသက် (၆၀)ဝန်းကျင်အရွယ် အဘွားတဦး လက် နက်ကြီး ကျည်ထိမှန် ပြီးတော့ သေဆုံးခဲ့ရ တယ်လို့ ဒေသခံတွေ ပြောကြားချက်အရသိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

291
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။