Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

NUG အစိုးရ၏ ပြည်သူ့ရဲတပ်ဖွဲ့ အနေဖြင့် နိုင်ငံတဝှမ်းလုံးရှိ ရာဇဝတ်မှုများကို တရားဥပဒေအတိုင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး E-Police Station ကို ဖွဲ့စည်း

Share this News:

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်သူ့ ရဲတပ်ဖွဲ့ ဟာ စိုးမိုးထိန်းချုပ်နယ်မြေများမှာ သာမကဘဲ နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ရာဇဝတ်မှုတွေကို တရားဥပဒေအတိုင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး E-Police Station ကို ဇန်နဝါရီ (၂၀) ရက်မှာ ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီနဲ့ လက်အောက်ခံတွေက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပြည်သူအချင်းချင်း ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို မှတ်တမ်းတင် ထိန်းသိမ်းဖို့ နဲ့ ပြစ်မှုကျူးလွန်သူ တရားခံတွေကို ဥပဒေအတိုင်းဆောင်ရွက်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက် တွေနဲ့ E-Police Station ကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဇန်နဝါရီ (၂၀) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၂/၂၀၂၂) နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန် (၇) ရက်မှာ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြေငြာစာအမှတ် (၁၂/၂၀၂၂) နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ် နယ်မြေတွေမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ယခုအခါမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ သာမကဘဲ နိုင်ငံတဝှမ်းလုံးရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံများမှ ကျူးလွန်တဲ့ ရာဇဝတ်မှုများနဲ့ ပြည်သူအချင်းချင်း ကျူးလွန်တဲ့ ရာဇဝတ်မှုများကို မှတ်တမ်းတင် ထိန်းသိမ်းရန်နဲ့ ပြစ်မှုကျူးလွန်သူ တရားခံများအား တရားဥပဒေရဲ့ ရှေ့မှောက် သို့ပို့ဆောင်ရန် ရည်ရွယ်ချက်တွေနဲ့ ၂၀၂၂ ခုနှစ်၊ ပြည်သူ့ ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ)အရ ပြည်သူ့ ရဲတပ်ဖွဲ့ လက်အောက်မှာ E police station ကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမိန့်နဲ့ ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

291
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။