Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မြင်းစီးရွာရှိ ပျူစခန်းကို ရွှေဘို PDF အဖွဲ့က အလစ်ဝင်တိုက်သဖြင့် ပျူ (၁၀)ဦးထက် မနည်းသေဆုံး

Share this News:

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းစီးရွာရှိ ပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ (၂၅) ရက်မှာ အလစ်ဝင်တိုက်ခဲ့တာကြောင့် အများအပြားသေဆုံးနိုင်တယ်လို့ Shwebo Local People Defense Force အဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ပျူစောထီး(၁၀) ဦးထက် မနည်းသေဆုံးနိုင်ပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်(၂) ဦးကျည်ထိမှန်ခဲ့ပြီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ Shwebo Local People Defense Force အဖွဲ့ က ပြောပါတယ်။
မြင်းစီးရွာ ရှိ ရွှေကျောင်းတိုက်မှာ ပျူစောထီးအချို့ကို ဖမ်းဆီးရမိထားပြီး မကြာမီမှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်ရှိလာကြောင့် ရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာခဲ့ပြီး ရန်သူရဲ့လက်နက်တွေကိုတော့ မသိမ်းဆည်းလိုက်နိုင်ဘူးလို့ သိရပါတယ်။

ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာ နဲ့ ရွာသာကျေးရွာရှိ ပျူအဖွဲ့တွေကိုလည်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဇန်နဝါရီ (၂၂) ရက်မှာ တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

271
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
256
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
339
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
174
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။