Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

လက်နက် နဲ့ အကြမ်းဖက် ခြိမ်းခြောက်မှု အမျိုးမျိုးတွေကြောင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့ လက်နက်ကိုင်တော်လှန်ရေးကြီး ပေါ်ပေါက်လာခြင်းဖြစ် ဟု (KNU) ဥက္ကဋ္ဌ ပြောကြား

Share this News:

ကရင်အမျိုးသားလှုပ်ရှားမှုတွေရဲ့ ကနဦးအစဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးလိုတဲ့နည်းလမ်းတွေသာဖြစ်ပေမယ့် လက်နက် နဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုအမျိုးမျိုးတွေကြောင့် မတတ်သာတဲ့ အဆုံးမှာ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့ လက်နက်ကိုင်တော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ရတာဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဇန်နဝါရီ (၃၁) ရက် မှာ ပြုလုပ်တဲ့ (၇၄) ကြိမ်မြောက် ကရင်အမျိုးသား ခုခံတော်လှန်ရေး နေ့ မိန့်ခွန်းမှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။

နိုင်ငံရေးအရ ကြိုးပမ်းမှုတွေ လမ်းပိတ်သွားမယ် ရပ်တန့်သွားမယ်ဆိုတာတွေဖြစ်ပေါ်လာရင်တော့ လက်နက်ကိုင် ခုခံတော်လှန်ရေးဟာ ပေါ်ပေါက်လာမှာသာဖြစ်တယ်လို့ (KNU)ဥက္ကဋ္ဌ က ထည့်သွင်းပြောကြားပါတယ်။

အဲဒီလိုဖြစ်ရပ်တွေကြောင့် ခုခံတော်လှန်ရေးဟာ လူတဦးတယောက် ရဲ့ အင်အားနဲ့ ကြိုးပမ်းလုပ်ဆောင်ရမယ့် အရာမဟုတ်သလို လူမျိုးတမျိုးတည်းနဲ့လည်း ကြိုးပမ်းအားထုတ်ရမယ့် အရာမဟုတ်ဘဲ အားလုံးအတူတကွပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

ခုခံတော်လှန်ရေးဟာ အမှန်တကယ်ပဲအောင်မြင်လိမ့်မယ်လို့ (KNU)ဥက္ကဋ္ဌ က ပြောကြားခဲ့ပြီး “ငါ့မြင်းငါစိုင်းပြီး သူတလူ ငါတမင်း လုပ်ဆောင်၍ မရပါ” လို့ လည်း ထည့်သွင်းမှာကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ (KNU)ဥက္ကဋ္ဌ က ရည်မှန်းချက် ပန်းတိုင် ပြီးမြောက်အောင်မြင်တဲ့အထိ ဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြရမယ်လို့ တိုက်တွန်းထားပါတယ်။

အကြမ်းဖက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU ဟာ ပြည်သူနဲ့အတူ ရပ်တည်ပြီး ပြည်သူကို အကာအကွယ်ပေးကာ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် အင်တိုက်အားတိုက် ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

289
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။