Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ကန်ပြားရဲစခန်းကို ပ.က.ဖ ပူးပေါင်းအဖွဲ့ ၀င်ရောက်တိုက်ခိုက်၊အကြမ်းဖက်စစ်ကောင်စီတပ်သား (၃၀)ခန့်သေဆုံး

Share this News:

မကွေးတိုင်း မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ပူးပေါင်းတပ်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကန်ပြားရဲစခန်းကို စီးနင်းတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီစစ်သား (၃၀) ခန့်သေဆုံးခဲ့တယ်လို့ ဖေဖေါ်ဝါရီ (၁၁) ရက် မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ စစ်​ကောင်စီရဲ့ ကန်ပြားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မင်းဘူးခရိုင်) တပ်ရင်းအမှတ်(၁)၊ မကွေးခရိုင် တပ်ရင်းအမှတ် (၁)၊မင်ဘူး(ပကဖ)နှင့်ပွင့်ဖြူ(ပကဖ) ပူးပေါင်းတပ်ဖွဲ့တွေ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မင်းဘူး) အဖွဲ့ ။

စစ်​ကောင်စီတပ်သား(၃၀) ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့​တယ်လို့သိရပါတယ်။

ဒါ့ အပြင် ရဲစခန်းအတွင်းရှိ ဘားတိုက်နဲ့ နေရာအချို့ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားတာပါ။

ရဲစခန်းကိုတိုက်ခိုက်စီးနင်း​နေချိန်မှာ စစ်ကောင်စီဘက်က စစ်ကူအင်အားအများအပြား နဲ့တိုက်ခိုက်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းစစ်ကြောင်း အနေနဲ့ အထိအခိုက် အကျအဆုံး(လုံးဝ) မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာပေးခဲ့တယ်လို့ ကာကွယ်​ရေး ဝန်ကြီးဌာနက အသိ​ပေးထုတ်ပြန်ထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

291
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။