Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက်စစ်ကောင်စီကတရား၀င်လက်နက်ကိုင်ဆောင်ခွင့် ဥပဒေထုတ်ပြန်

Share this News:

◼ပြည်သူများ‌အနေဖြင့် တရားဥပ‌‌ဒေမဲ့ ရမ်းကားလာမည်ကို စိုးရိမ်

‌အကြမ်းဖက်စစ်ကောင်စီက တရားဝင်လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို ဇန်နဝါရီ (၃၁) ရက် မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဥပဒေအရ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ၊ ပြည်သူ့စစ်အဖွဲ့များနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့တွေဟာ တရား၀င်လက်နက်ကိုင်ဆောင်ခွင့်ရှိလာမှာ ဖြစ်ပါတယ်။

အခုလို လက်နက်ကိုင်ဆောင်ခွင့်ပြလိုက်တဲ့အပေါ်မှာ ပြည်သူတွေအနေနဲ့ တရားဥပ‌ဒေမဲ့အကာကွယ်မဲ့ မင်းမဲ့စရိုက်တွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတာပါ။

အကြမ်းဖက်စစ်ကောင်စီက အခု ကိုင်ဆောင်ခွင့် ပြုလိုက်တဲ့ လက်နက်တွေက ဒသမ ၃၈ လက်မနှင့် ၎င်းထက် ပြောင်းဝငယ်သော ဆုံလည်သေနတ်၊ ၉ မီလီမီတာနဲ့ဲ့ပြောင်းဝငယ်သော ပစ္စတိုသေနတ်၊၁၂ ဘိုးနဲ့ အဲဒီပြောင်းထက်ပြောင်းဝငယ်တဲ့ ပြောင်ချောသေနတ်၊ ဒသမ ၂၂ လက်မ နဲ့ အဲဒီထက်ပြောင်းဝကျယ်တဲ့ အမဲလိုက်သေနတ်နဲ့ လေသေနတ် တို့ ကို
ကိုင်ဆောင်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

Photo | CJ | စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေးထားသော ပျူစောထီးများအား တွေ့ရစဥ်။

အခုလို လက်နက်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီး ပြည်သူတွေကြားမှာ အ‌ကြောက်တရားတွေ တိုးလာအောင် လုပ်သလို ဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနှစ်နှစ်ကြာချိန် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းပြည်ရဲ့ သုံးပုံနှစ်ပုံလောက်သာ အုပ်ချုပ်နိုင်တယ်လို့ ကာလုံခေါ်ပြီး ပြုလုပ်တဲ့အစည်းအ‌‌ဝေးမှာ သူကိုယ်တိုင်ဝန်ခံထားတာပါ။

ဒါ့အပြင် တိုင်းဒေသကြီး လေးခုနဲ့ ပြည်နယ်လေးခု က မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law)
ဖေဖေါ်ဝါရီ (၂) ရက်က ကြေညာခဲ့ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

291
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။