Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ရွှေဘို အနောက်ခြမ်း မှာ အကြမ်းဖက်စစ်တပ်နဲ့ ‌‌‌ ဒေသကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲပြင်းထန်

Share this News:

◼ စစ်ကောင်စီဘက်က အထိနာသဖြင့် ရွာ(၃) ရွာထက်မနည်းတနေကုန်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်း မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်တို့
ဖေဖေါ်ဝါရီ (၁၂) ရက် မနက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာတဲ့အတွက် အကြမ်းဖက်စစ်အုပ်စုဟာ အနီးအနားက ရွာ(၃)ရွာထက်မနည်းကို
တနေကုန် ဆက်တိုက်မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်၊ သီးလုံးရွာမှ စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၅၀ခန့် ဟာ ဖေဖေါ်ဝါရီ (၁၂) ရက်မှာ ကျောက်မြင့်ရွာဘက် ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့စီးနင်း ခဲ့တာပါ။

အဲဒီလို ဝင်ရောက်စီးနင်းစဉ်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းထိခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်မှုရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်အသိပေးထားပါတယ်။

Photo – CJ | စစ်ကောင်စီတပ်က ကျောက်မြင့်၊ တင့်တယ်(ဒင်းဒဲ)ရွာကို မီးရှို့ဖျက်ဆီးနေသည်ကို ဒေသခံတစ်ဦးက အဝေးမှငေးကြည့်နေစဉ်။

မိုင်းထိထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကျောက်မြင့်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး တင့်တယ်ရွာ (ဒင်းဒဲရွာ)ကို ဆက်ထွက်လာရာ ရွှေဘိုတိုက်နယ် (၂)ဒေသခံကာကွယ်ရေးအဖွဲ့များ၊ မဟာမိတ်အဖွဲ့များနှင့်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်နဲ့ ပျူများ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ တင့်တယ်(ဒင်းဒဲ)ရွာကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ဟာ ဖေဖော်ဝါရီ (၁၃) ရက် မနက်ပိုင်းက ရွှေဘိုမြိုနယ် ချီပါအုပ်စု ငါးဆူကုန်းရွာကိုပါ မီးစတင်ရှို့ဖျက်ဆီးနေတယ်လို့ WetLet Information Networks အဖွဲ့က ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

291
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။