Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မုံရွာမြို့ ညောင်ပင်စောက် လဝက ရုံးရှေ့က အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို PDF အလစ်ဝင်တိုက်

Share this News:

◼ အကြမ်းဖက် စစ်ကောင်စီ (၃) ဦးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စွဲရာ ညောင်ပင်စောက်(လဝက)ရုံး မှ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ဖေဖော်ဝါရီ (၁၃) ရက် ညနေပိုင်းမှာ မော်တော်ယာဥ်နဲ့ ရုံးရှေ့အထိသွားရောက်ပစ်ခတ်ခဲ့တယ်လို့ Chindwin Attack Force သတင်းနှင့် ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ လမ်းပေါ်မှာ စစ်ဆေးဖို့အတွက် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို အလစ်ဝင်ရောက်တိုက်ခိုက််ခဲ့တယ်လို့ Chindwin Attack Force သတင်းနှင့် ပြန်ကြားရေး က ထုတ်ပြန်ထားတာပါ။

အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ယာဥ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့စဥ်။

အဲဒီ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သား (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး ကျန်နှစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။

အဲဒီ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys )က ဦးဆောင်ပြီး အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force ) ၊ မုံရွာခရိုင်တပ်ရင်း – ၄ တပ်ခွဲ ၄ 5 / Teachers People Defense Force PDF ၊ Spring Dove တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။