Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ရေစကြို ဆင်မရဲရွာ (၄၅)မိနစ်ကြာတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေ အထိနာ

Share this News:

မကွေးတိုင်း ရေစကြိုမြို့နယ် ဆင်မရဲရွာ အ.ထ.က.(ခွဲ) ကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့
ပျူစောထီးအဖွဲ့တွေကို ‌ဒေသကာကွယ်ရေးတပ်ဖွဲ့များနဲ့ မဟာမိတ်ညီနောင် အဖွဲ့တို့ ‌‌က ဖေဖေါ်ဝါရီ (၁၂) ရက် မနက် အစော(၁)နာရီအချိန်ခန့်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ Myingyan Black Tiger (MBT) အဖွဲ့က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အင်အား(၇၀)ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ အဲဒီ စစ်ဆင်ရေးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဖြစ်တဲ့ MBT တပ်ဖွဲ့နဲ့ ခွပ်ဒေါင်းနီ ပြောက်ကြားတပ်၊The Volue Of Youngmen၊ VOMDY-Front Warrior၊ NY LOCAL PDF၊ မုံရွာခရိုင်၊ မုံရွာခရိုင်၊ တပ်ရင်း (၁၂) တပ်ခွဲ (၄)မီးတောက်တပ်ခွဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပြီး သေဆုံးခြင်းရှိ ၊မရှိ မသိရသေး ပါဘူး။

ဆင်မရဲရွာတိုက်ခိုက်မှုမှာ တိုက်ပွဲကြာချိန် (၄၅) မိနစ် ခန့်ကြာမြင့်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်မှုများရှိပေမဲ့လည်း တော်လှန်ရေးရဲဘော်တွေအနေနဲ့ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
285
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
369
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။