Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ထန်တလန် ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းတပ်ဖွဲ့ကို ယာယီသမ္မတ လေးစား ဦးညွတ်ကြောင်း ပြောကြား

Share this News:

◼လက်တွေ့နိုင်ငံရေးရလဒ်များနဲ့သာ လူထုကို စည်းရုံးကြဖို့ ယာယီသမ္မတ တိုက်တွန်း‌

ချင်းပြည်နယ် ထန်တလန် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ ချင်းကာကွယ်ရေးတပ်(CDF) တို့ကို လေးစား ဦးညွတ်ကြောင်း ကို ဖေဖေါ်ဝါရီ (၁၄) ရက်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ‌‌‌ပြောကြားလိုက်တယ်လို့သိရပါတယ်။

ချင်းတပ်ဖွဲ့တွေရဲ့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုတွေကြောင့် ထန်တလန်ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က (၄၅)ဦးထက် မနည်းသေဆုံးခဲ့ ကာ လက်နက်မျိုးစုံအလက်(၅၀)ကျော်ကို သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်သား‌တွေနဲ့ ရဲ တပ်ဖွဲ့ဝင်များကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ Chain of Command ထဲမှာ ပိုမိုကျစ်လစ်စွာ စုစည်းနိုင်ရေးအတွက် အစဉ် ကြိုးစားရန်လိုအပ် တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဆက်လက်ပြီး ယာယီသမ္မတ က ခုခံတော်လှန်စစ်မှာ အမိန့်ပေးကွပ်ကဲမှု စည်းစနစ်ကျနမှုတို့ဟာ အင်မတန်အရေးကြီးတဲ့အတွက် စနစ်တကျလုပ်ဆောင်ရန်လိုကြောင်း နဲ့ နိုင်ငံရေးအရ ခေါင်းဆောင်မှုပေးရာသော်လည်းကောင်း ၊ စစ်ရေးစီမံကွပ်ကဲရာမှာသော်လည်းကောင်း အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အားလုံး ဂရုတစိုက် လုပ်ဆောင်သွားကြဖို့ကိုတိုက်တွန်းပြောကြားခဲ့တာပါ ။

ဒါ့အပြင် ယာယီသမ္မတက လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ လက်တွေ့ရလဒ်နဲ့ စည်းရုံးမှုတွေကသာလျှင် ရေရှည်တည်တံ့တယ်ဆိုတာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ဝင် အားလုံးကို သိစေချင်ကြောင်း လက်တွေ့နိုင်ငံရေးရလဒ်များနဲ့ သာ လူထုကို စည်းရုံးကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
285
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
369
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။