Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

Share this News:

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း မှာ ဝင်‌ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကုက္ကိုလ်စုကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများ စခန်းချပြီး အနီးနားကျေးရွာများကို အနိုင်ကျင့်နှိပ်စက်နေတာ ကြောင့် ဒေသခံကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က တဦး သေဆုံးခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပေါက်မြို့နယ်က စစ်ကောင်စီ စခန်းကို စစ်သား (၂၅) ဦး​ ခန့် နဲ့ ပျူအဖွဲ့များကို အစောင့်ချထားခြင်းဖြစ်တယ်လို့သိရပါတယ်။

ကုက္ကိုလ်စု ရွာဟာ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိနေတာလည်းဖြစ်ပါတယ်။

ပေါက်မြို့နယ်အပါအဝင် ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်​ရေး မဟာမိတ်တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စခန်းသိမ်းခါနီးတွင် စစ်ကောင်စီ ဘက် က ရဟတ်ယာဉ်တစီးနဲ့ခြောက်ကြိမ်တိုင်တိုင်လာ​ရောက်ပစ်ခတ်ခဲ့​တာကြောင့် ဒေသခံကာကွယ်ရေးတပ်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
285
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...
94
Views

တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ် ဆက်လက်ရပ်တည်နိုင်ရန် အကူအညီလိုအပ်လျက်ရှိ

စစ်ကိုင်း၊ တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် ပြည်သူတွေဆီက အကူအညီတောင်းခံနေရတယ်လို့...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။