Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ် ဆက်လက်ရပ်တည်နိုင်ရန် အကူအညီလိုအပ်လျက်ရှိ

Share this News:

စစ်ကိုင်း၊ တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် ပြည်သူတွေဆီက အကူအညီတောင်းခံနေရတယ်လို့ သိရပါတယ်။

People Defence Force Taung Dwin-Minkin TDPDF အနေနဲ့ တပ်ရင်းတပ်ဖွဲ့တည်ထောင်ပြီး အကြမ်းဖက်
စစ်အာဏာရှင်ကို တစိုက်မတ်မတ် တော်လှန်ရေးလုပ်လာခဲ့တာ (၂)နှစ် နီးပါး ရှိနေပြီ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီကာလအတွင်းမှာ မင်းကင်းမြို့နယ် တောင်တွင်းဒေသက အကြမ်းဖက်စစ်အာဏာရှင်ကိုတော်လှန်ရင်း အသက်ပေးခဲ့ရတဲ့ PDF ရဲဘော်(၂၀) ကျော်အထိ ရှိခဲ့ပြီလို့ People Defence Force Taung Dwin-Minkin TDPDF က ပြောကြားထားတာပါ။

အင်တာနက်လိုင်း ဖုန်းလိုင်းဖြတ်တောက်ခံရတာကြောင့် မင်းကင်းနယ် အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲသတင်းတွေ နဲ့ လက်နက်ခဲယမ်းလိုအပ်ချက်တွေ ၊ ရိက္ခာခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတာတွေကို ပြည်သူတွေ မသိမြင်ကြဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြိုနိုင်ဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ဖို့နဲ့ ရိက္ခာလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ တောင်တွင်း-မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်က ထပ်မံတောင်းဆိုထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

336
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။