Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက်စစ်တပ်က ကော့ကရိတ်မြို့နယ်ရှိ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

Share this News:

အကြမ်းဖက်စစ်တပ်က ကော့ကရိတ်မြို့နယ်က ကျေးရွာတွေပေါ်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။


လက်နက်ကြီး ထိမှန်မှုကြောင့်နေအိမ် ၁၄ လုံးပျက်စီးပြီး ပြည်သူ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ( ၁ )ရက် မနက် ၁၀ နာရီခန့်က ကော့ကရိတ်အခြေစိုက် စကစ အမြောက်တပ်ရင်းက ကော့ရိတ်မြို့ နယ်၊ ဘော်ဒိုင်းကျေးရွာအတွင်းကို ၁၂၀ မမ လက် နက်ကြီး(၄)လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးရသည့်မြင်ကွင်းများ။

အဲဒီလိုပစ်ခတ်မှုမှာ နေအိမ် (၂) လုံး ပျက်စီးပြီး အသက် ၅၅ နှစ်အရွယ် တဦး နဲ့ အသက် ၂၆ နှစ်အရွယ် လူငယ်တဦး တို့ ထိ ခိုက် ဒဏ်ရာပြင်ထန်စွာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေနေရှိတယ်လို့သိရပါတယ်။

ဒီဇင်ဘာ (၂) ရက် မှာ ကော့ကရိတ်အခြေစိုက် အမြောက်တပ်ကုန်း က ဘော်ဒိုင်းကျေးရွာ အတွင်း ကို ၁၂၀ မမ လက်နက်ကြီး နဲ့ ထပ်မံပစ်ခတ်ခဲ့ တဲ့အတွက် လူနေအိမ် (၈)လုံး၊ နွား(၄)ကောင်၊ စပါးခြွေလှေ့ စက်နဲ့ကားတစ်စီးထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ (၂) ရက် ညသန်းခေါင်အချိန် ကော့ကရိတ် ရေကျော်ကြီး အောက်ဖက်တပ်စခန်းကနေ ၁၀၅ မမ (ဟောင်ဝပ်စာ) လက်နက်ကြီးဖြင့် ဖားကျကျေးရွာအတွင်း ပစ်ခတ်ခဲ့တဲ့အတွက် နှစ်ထပ်တိုက်အိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ထီးဝါးခို့ပိုင်းရှိ တိုက်ခံပျဉ်ထောင်အိမ် တစ် လုံး လည်း ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။