Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူနှစ်ဦးကို တာဝန် ပြောင်းလဲခန့်အပ်

Share this News:

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့က အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူနှစ်ဦးကို တာဝန် ပြောင်းလဲခန့်အပ်လိုက်ပါတယ်။

ဦးကျော်ဇော် (နိုင်ငံတော်သမ္မတရုံး) နဲ့ ဦးနေဘုန်းလတ် (ဝန်ကြီးချုပ်ရုံး) တို့ကို NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ဒီဇင်ဘာ(၁၄) ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့က အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူနှစ်ဦး ဖြစ်တဲ့ ကိုနေဘုန်းလတ် နှင့် ဦးကျော်ဇော် (နိုင်ငံတော်သမ္မတရုံး)

ယခင်က ခန့်အပ်တာဝန်ပေးထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ သက်ဆိုင်ရာဝန်ကြီးဌာနလုပ်ငန်းတာဝန်တွေများပြားတဲ့အတွက်ကြောင့် အခုလိုပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ယာယီသမ္မတရဲ့ ဆောင်ရွက်ချက်များ၊ အစိုးရရဲ့မူဝါဒများနဲ့ သမ္မတရုံးနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်များကို ဦးစားပေး ထုတ်ဖော် ပြောကြားမှာဖြစ်ပြီး ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်များ၊ အစိုးရရဲ့မူဝါဒများနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်များကို ဦးစားပေး ထုတ်ဖော် ပြောကြားရမှာဖြစ်တယ်လို့ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။