Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ဖရူဆို မှာ အင်အား (၅၀) ပါ စစ်အုပ်စုကို KNDF ရုတ်တရက် တိုက်ခိုက်

Share this News:

ဖရူဆို မှာ အင်အား(၅၀) ပါဝင်တဲ့ စစ်အုပ်စုတပ် ကို KNDF က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တဦးသေ ၊ တဦး ဒဏ်ရာရရတယ်လို့ သိရပါတယ်။


ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၄ က ဒီကနေ့ ဒီဇင်ဘာ (၁၄) ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ (၁၃) ရက် နေ့လယ် ၁ နာရီခန့်က စစ်ကောင်စီတပ်ဟာ အင်အား (၅၀) နဲ့ စစ်ကြောင်းထိုးလာတာပါ။ အဲဒီစစ်ကြောင်းကို ကရင်နီတပ်မတော် (KA) နဲ့ KNDF တပ်ရင်း (၄) တို့ ရုတ် တရက်ဝင်တိုက်ခိုက်ခဲ့တာပါ။

လက်ရှိ အခြေအနေများအရ ကရင်နီ ဒေသ အစုံမှာ စစ်အုပ်စု စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကရင်နီပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။

KNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ၊ဓာတ်ပုံ – KNDF

ဒီဇင်ဘာ (၉) ရက်က ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာအနီးမှာ ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ငါးဦးထက်မနည်းသေဆုံး ပြီး ကရင်နီပူးပေါင်း အဖွဲ့က ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။