◼ရေစကြို၊ ဗြိဘ(အနောက်) ရွာကို အကြမ်းဖက် စစ်တပ်က ၁၈ ရက် မနက် ၅ နာရီခန့်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
စစ်အုပ်စုရဲ့ အခုလို မီးရှို့ဖျက်ဆီး မှုကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။
အကြမ်းဖက် စစ်အုပ်စု ဟာ ဗြိဘ(အရှေ့)ရွာကိုလည်း ဇူလိုင်လ ၂ ရက် က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၆၅ လုံး မီးလောင်ပျက်စီး ခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်သားနဲ့ ပျူစောထီး တွေက ပြည်သူ ပိုင် ပစ္စည်းတွေကို ခိုးယူ လုယက်ခဲ့ကြပြီး အိမ်မွေး တိရစ္ဆာန် များ၊ ကြက်၊ ဝက်များကို သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့ Yesagyo Township INGO Committee က ထုတ်ပြန်ထားပါတယ်။
ဒေသခံပြည်သူများအနေဖြင့် အလျင်အမြန်တိမ်းရှောင်နိုင်ခဲ့ခြင်းကြောင့်ထိခိုက်ဒဏ်ရာရရမှု မရှိခဲ့ဘူးလို့သိရပါတယ်။