◼အင်းတော်တွင် အကြမ်းဖက် စစ်အုပ်စုနှင့် KIA+PDF ပူးပေါင်း အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုက စစ်သား ၄၀ နီးပါး သေးဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ညောင်ကုန်း၊ ဂျုံးဂျုံးကျ၊ ပိန်းအင်းရွာအနီး တွင် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
တိုက်ပွဲအနီးအနားမှ ကျေးရွာတွေကို အကြမ်းဖက် စစ်အုပ်စုက မီးတင်ရှို့နေပြီး ဒေသခံပြည်သူ ၅၀၀၀ ကျော် ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်ထွက်ပြေးနေရတယ်လို့ Indaw Revolution – IR က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်အုပ် ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဂျုံးဂျုံးဂျ ရွာသစ်မှ နေအိမ် ၆ လုံးနှင့် စား သောက် ဆိုင်၂ ဆိုင်၊ ဂျုံးဂျုံးဂျရွာမမှ နေအိမ် ၁၁ လုံး၊ မအူကုန်းရွာမှ နေအိမ် အလုံး၂၀နှင့် ပိန်းအင်းရွာမှ နေအိမ် ၁ လုံး တို့ မီးလောင်ဆုံးရှုံး
ခဲ့ရတာပါ။
အဲဒီ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတဦးကို အရှင်ဖမ်းမိ ထားတယ်လို့သိရပြီး ပြည်သူ့ကာ ကွယ်ရေးရဲဘော်တဦးလည်း ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။