◼အာဏာသိမ်း စစ်အုပ်စု အခြေစိုက်ရာ နေပြည်တော်မှာ အင်အား ၄.၂ အဆင့်ရှိတဲ့ ငလျင်တခု မနေ့က (ဒီဇင်ဘာ (၂၀) ရက်)ညပိုင်း သန်းခေါင်ယံ အချိန်မှာ လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။
နေပြည်တော် ၊ပုဗ္ဗသီရိမြို့ရဲ့ ၇ မိုင်ခန့်အကွာ ကို ဗဟိုပြုပြီး ငလျင် လှုပ်ခတ်သွားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မိုးဇလ ထုတ်ပြန်ချက်မှာတော့ ငလျင်ဟာမြေအနက် ၅ ကီလိုမီတာ ( ၃ မိုင်ကျော်ခန့်) မှာ ဗဟိုပြုပြီးလှုပ်သွားတာလို့ ဖော်ပြပါတယ်။
ငလျင်ကြောင့် ပျက်စီးထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မန္တလေးမှာ ၂ ရက်ဆက်တိုက် ငလျင်ငယ်တွေ လှုပ်ခတ်ခဲ့လို့ စစ်ကိုင်းဘက်က မင်းကွန်းဒေသနဲ့ အင်းဝမြို့ က နန်းမတော်မယ်နု အုတ်ကျောင်း အပါအဝင် ရှေးဟောင်း အဆောက်အဦးတွေထိခိုက်ပျက်စီးတာတွေဖြစ်ခဲ့ပါတယ်။