◼သထုံမြို့ဘက်ကနေ ထွက်လာတဲ့ ကား(၃)စီးပါဝင်တဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းဟာ နောင်ဘိုကျေးရွာနားက မဟာမြတ်မုနိမုဒ်ဝရှေ့မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
KNLA အမှတ်(၂)တပ်ရပ်း၊ လက်အောက်ခံတပ်ဖွဲ့က ဒီဇင်ဘာ(၁၈)ရက်၊ ည(၉)နာရီခန့်မှာ မိုင်းဆွဲခဲ့တာပါ။ စစ်ကား(၁)က လုံးဝ ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိတယ်လို့ KNLA တပ်ရင်းမှူးက အတည်ပြုထားပါတယ်။