Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

KNU တပ်မဟာ (၅)နယ်မြေ ကို စစ်အုပ်စုက လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်

Share this News:

◼KNU တပ်မဟာ (၅) နယ်မြေ မဲဝိုင်ကျေးရွာ အုပ်စု နဲ့ ကျုံဒိုးမြို့နယ်တို့ကို စစ်အုပ်စုက လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


ဒါ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံများနေအိမ် (၁၉) လုံးပျက်စီးခဲ့ရပါတယ်။
ကရင်အမျိုးသားအစည်းရုံး တပ်မဟာ (၅)က ဒီနေ့ ဒီဇင်ဘာ (၂၀) ရက်မှာသတင်းထုတ်ပြန်လိုက်တာပါ။

ဒီဇင်ဘာ (၁၉) ရက် မနက် ၈ နာရီခန့်က မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မဲဝိုင်ကျေးရွာအုပ်စု ခေါဝါးရွာ ရဲ့ လယ်ယာလုပ်ငန်းခွင်ထဲကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။

အဲဒီနောက် မနက် ၁၀ နာရီ ခွဲ အချိန်လောက်မှာ ထပ်မံပြီး ဗုံး နှစ်လုံး ကြဲချခဲ့ပါသေးတယ်။

ဒီဇင်ဘာ (၁၈) ရက် ညနေပိုင်းက မဲဝိုင်ကျေးရွာအုပ်စု ဝါးသိုးလော်ရွာထဲကို တိုက်လေယာဉ်နဲ့ ဗုံးတွေကြဲချခဲ့တဲ့အတွက် လူနေအိမ် (၁၀)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး စပါးကျီများလည်း ဗုံးမှန်ပျက်စီးခဲ့ရပါတယ်။

Photo- KPSN | အကြမ်းဖက်စစ်တပ်က လေကြောင်း က KNU တပ်မဟာ (၅) နယ်မြေမဲဝိုင်ဒေသက ကျေးရွာတွေကို ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့မြင်ကွင်းများ။

အဲဒီနေ့ ညနေပိုင်းမှာပဲ မဲဝိုင်ကျေးရွာအုပ်စု ခလိုခီးရွာ ထဲကကို တိုက်လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် (၄)လုံး နဲ့ စပါးကြိတ်စက် တလုံးမီးလောင်ဆုံးရှုံးခဲ့ရပြန်ပါတယ်။

Photo- KPSN | အကြမ်းဖက်စစ်တပ်က လေကြောင်း က KNU တပ်မဟာ (၅) နယ်မြေမဲဝိုင်ဒေသက ကျေးရွာတွေကို ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့မြင်ကွင်းများ။

KNU တပ်မဟာ (၅) နယ်မြေ မဲဝိုင်ဒေသအတွင်းကို အခုလိုလေကြောင်းကနေ ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် ဒေသခံရွာသူရွာသားတွေဟာ နေအိမ်ပျက်စီးမှုတွေကြောင့် အခက်အခဲများနဲ့ ရင်ဆိုင်နေကြရတယ်လို့ ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
285
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
369
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။