Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေး ခေါင်းဆောင်များရဲ့ ပူးတွဲကြေညာချက်အပေါ် NUG က သဘောထားကြေညာချက် ထုတ်ပြန်

Share this News:

◼ အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေး ခေါင်းဆောင်များရဲ့ ပူးတွဲကြေညာချက်အပေါ် NUG က သဘောထားကြေညာချက် ကို ဒီကနေ့ ဒီဇင်ဘာ(၁၉)ရက်က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။


အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် လိုအပ်လျက်ရှိသည့် လူသားချင်း စာနာမှုအကူအညီများအား ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာပေးအပ်နိုင်ရေးတို့အတွက် တောင်းဆိုထားသည်ကိုတွေ့ရှိရတယ်လို့ NUG က ပြောပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အီးယူ-အာဆီယံ ထုတ်ပြန်ချက်ထဲက အချို့ကို ကြိုဆိုပြီးအချို့သော အချက်အလက်များဟာ အသစ်အဆန်း မဟုတ်သကဲ့သို့ အရေးပါသည့် အချက်အလက်တွေ မပါဝင်ဘဲ ကျန်ရှိနေသည်ကို တွေ့ရှိ ရတယ်လို့ NUG က ထောက်ပြပြောကြားထားပါတယ်။

စစ်အုပ်စုကြောင့်ဖြစ်ပေါ်နေတဲ့ ဘက်ပေါင်းစုံအကျပ်အတည်းတွေကို အီးယူ-အာဆီယံ က ဆောင်ရွက်မယ့် နှစ်ဆတိုးကြိုးပမ်းအားထုတ်မှုနဲ့အတူ NUG အနေနဲ့ လည်းပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အီးယူ-အာဆီယံ ပူးတွဲကြေညာချက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်းဖော်ပြထားတာမရှိတဲ့အပြင် တရားမဝင် အကြမ်းဖက် စစ်အာဏာရှင်၏ ရက်စက်ယုတ်မာမှုများကို ရှုတ်ချကြောင်းကိုလည်း ဖော်ပြဖို့ပျက်ကွက်ခဲ့တယ်လို့ NUG က ထောက်ပြထုတ်ပြန်ထားပါတယ်။

အီးယူ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကာလအတွင်း အီးယူက NUG နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဝန်ကြီးအချို့ကို ဘယ်လ်ဂျီယံ၊ ဘရပ်စဲလ်သို့ ဖိတ်ကြားတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအတွက်ဆွေးနွေးမှုများပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အာဆီယံ – အီးယူ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုခဲ့ပါဘူး။
လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအတွက် ကတိကဝတ်ပြုထားသည့် အီးယူ-အာဆီယံ ကတိကဝတ်ပြုမှုဟာ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကိုသာ အတည်ပြု လက်ကိုင်ထားရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြခဲ့တာပါ။

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှုများ အားလုံးကို တားဆီးပိတ်ပင်ရမှာ ဖြစ်ပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒအား လေးစားမှုကို ပြသရမှာဖြစ်တယ်လို့ NUG က တိုက်တွန်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်စာတမ်းကို ထောက်ခံရမည်ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စု၏ ဥပဒေမဲ့ အရေးအပြစ်မဲ့အရပ်သားများအပေါ် နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်လာနိုင်မည့် စစ်အုပ်စု၏ လုပ်ဆောင်နိုင်စွမ်းအား ဖြိုဖျက်နိုင်ရန်အတွက် ထိရောက်သည့်ဆောင်ရွက်မှုကို တောင်းဆိုရမှာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံကွပ်မျက်ခြင်း မပြုလုပ်နိုင်ရန်အတွက် ပြင်းထန်တဲ့ ဖိအားတွေပေးရန် လိုအပ်တယ်လို့ NUGက ဒီကနေ့ထုတ်ပြန်ချက်ကနေ တိုက်တွန်းထားတာဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
211
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
332
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။