◼စမ်းချောင်း ပုသိမ်လမ်း (ဗဟိုလမ်းမပေါ်) ဂွစျေးအနီး အမှိုက်ပုံး မှာ ဒီနေ့ည ဒီဇင်ဘာ(၁၉)ရက်က ဗုံးတွေ့ရှိခဲ့တဲ့အတွက် စစ်ကောင်စီအဖွဲ့များရောက်ရှိလာကာ လမ်းများပိတ်ဆို့ပြီး အဲဒီဗုံးကို ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
အဲဒီဗုံးကို စည်ပင်ဝန်ထမ်းတွေက တွေ့ရှိခဲ့တာဖြစ်ကာ ရဲ ကို အကြောင်းကြားလိုက်ခြင်းဖြစ်ပြီး ရဲနှင့် စစ်သားများရောက်လာသည့်အချိန် မှာ အဲဒီဗုံးကို ဖောက်ခွဲဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
အဲဒီဗုံးထောင်မှု ဟာ အများပြည်သူသွားလာနေတဲ့နေရာဖြစ်ပြီးတော့ အဲဒီလို ဖောက်ခွဲဖို့ကြံစည်တယ်ဆိုတာကတော့ ဘယ်သူ့လုပ်ရပ်လဲဆိုတာ ရှင်းလင်းနေကြောင်းကို ပြည်သူတဦးက ပြောကြားပါတယ်။
အဲဒီ ဗုံးထောင်မှုဟာ မရိုးသားကြောင်း ၊ စစ်ကောင်စီက မိမိဘာသာထောင်ပြီး PDF လုပ်တယ်လို့သတင်းလွှင့် လွှဲချနိုင်တဲ့အတွက် သတိဖြင့်သွားလာကြဖို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တော်လှန်ရေးအင်အားစုက သတိပေးထားပါတယ်။