Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ခမရ(၆၀၂)က တပ်ကြပ်ကြီးတစ်ဦး CDF-Daai ထံကိုအလင်းဝင်ရောက်

Share this News:

◼ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ(၆၀၂)က တပ်ကြပ်ကြီးတစ်ဦး CDF-Daai ထံကို ဒီဇင်ဘာ (၁၂)ရက် က အလင်းဝင်ရောက်လာတယ်လို့ ချင်းကာကွယ်ရေးတပ် – ဒိုင်ရ်(CDF-Daai)က ဒီနေ့ ဒီဇင်ဘာ (၁၉)ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။


အကြမ်းဖက် အာဏာရှင် စစ်ခေါင်းဆောင်တွေလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တဲ့အတွက် အခုလို အလင်းဝင်ပြီး CDM ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

CDF-ဒိုင်ရ် က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်မြောက်နယ်မြေ တနေရာသို့ ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအလင်းဝင်လာတဲ့ တပ်ကြပ်ကြီးစာရေး အပါအဝင် CDF – ဒိုင်ရ် ဆီကို လာရောက် အလင်းဝင်လာကြတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ( ၅)ဦးရှိပြီဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိလို့ ပြည်သူ့ရင်ခွင် ခိုလှုံလိုသူ ပြည်သူ့တပ်မတော် သားများကိုလည်း CDF – ဒိုင်ရ်က နွေးထွေးစွာ ကြိုဆိုလက်ခံသွားမှာ ဖြစ်တယ်လို့ လည်း အသိပေးထားပါတယ်။

CDF- ဒိုင်ရ်ဟာ ပလက်၀ မြို့နယ်မှာ အခြေချလှုပ်ရှားတဲ့ ချင်းလက်နက်ကိုင်တပ်တခုဖြစ်ပါတယ်။ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့နယ်များမှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ပွဲဝင်လျက်ရှိနေတာဖြစ်ပါတယ်။

မကြာသေးမီကလည်း တီးတိန်အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၆၉) တပ်ရင်းမှ တပ်သား ၃ဦး၊ ဟားခါးအခြေစိုက် စစ်ကောင်စီတပ် ခလရ (၂၆၆)မှ တပ်သား ၆ဦး၊ ဟားခါးရဲစခန်းက ရဲတစ်ဦး၊ မင်းတပ် အခြေစိုက် ခလရ(၂၇၄)မှ တပ်သားတစ်ဦးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ သက်ဆိုင်ရာဒေသက CDF တပ်ဖွဲ့များထံ အလင်းဝင်ခဲ့ကြပါသေးတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

337
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။