စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် နဲ့ ယင်းမာပင်မြို့နယ်က ပုသိမ်-မုံရွာလမ်း ဘက်မှာ စစ်တပ်က ဒီနေ့ ဒီဇင်ဘာ (၂၁) ရက် မနက် ၄ နာရီမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မုံရွာ နမခ မှ ဝမ်ပေါင် ကုမ္ပဏီဘက်ကရွာတွေ ဆီကို စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပါတယ်။
ဆောင်းတွင်း မနက်အစောပိုင်း ဝင်ရောက် စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံတွေထဲက သက်ကြီးရွယ်အိုနဲ့ ကလေး သူငယ်တွေအတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့ ဒေသခံတွေကပြောကြားပါတယ်။
ဒေသခံ ပြည်သူများအနေနဲ့ ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာလမ်းတလျှောက် မြန်မာဝမ်ပေါင်လမ်းဆုံ(၅/၁လမ်းဆုံ) ကနေ ရွှေတောင်ဦးပေါင်ကျိုးကုန်းအထိ လုံခြုံရေးအတွက် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ National Revolutionary Guards က သတိပေးထုတ်ပြန်ထားပါတယ်။