Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ဖရဲသီးများကို ချီးမြှင့်ငွေ၊ အကာအကွယ်၊ ခံစားခွင့်များနှင့်အတူ ပူးပေါင်းဖို့ NUG က ဖိတ်ခေါ်

Share this News:

NUG ကာကွယ်ရေးဝန်ကြီးဌာနက အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်သည့် အရာရှိ-စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် တော်လှန်ရေးအတွက် ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်သည့် ကြေညာချက်တစောင်ကို ဒီဇင်ဘာ(၂၀)ရက်က ထုတ်ပြန်ခဲ့သည်။


အမာခံသတင်းပေးပို့သူ(ဖရဲသီး)အဖြစ် ပြုလုပ်မည်ဆိုပါက ကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်၍ အချက်အလက်များ ဖြည့်သွင်းခြင်းကို ဦးစွာလုပ်ဆောင်ရမည်ဖြစ်ပြီး အချက်အလက်လုံခြုံမှု ရှိစေရန် အပြည့်အဝ တာဝန်ယူ အာမခံကြောင်းနှင့် သတင်း အချက်အလက် အဆင့်အတန်း အပေါ်မူတည်၍ ချီးမြှင့်ငွေများကိုလည်း ရရှိခံစားနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။


ထို့ပြင် ပြည်သူ့အမာခံ သတင်းပေးပို့သူ (ဖရဲသီး)များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အကာအကွယ်ပေးမှု အာမခံချက်ကို တော်လှန်ရေးကာလ အတွင်း၌လည်းကောင်း၊ တော်လှန်ရေးအလွန်ကာလ၌လည်းကောင်း ပြည့်ဝစွာ ခံစားရမည် ဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်၏ အကျိုးခံစားခွင့်များကိုလည်း ရရှိခံစားရမည်ဖြစ်သဖြင့် ဖရဲသီးပြုလုပ်လိုသူများအနေနှင့် ဆက်သွယ်နိုင်သည့် တယ်လီဂရမ်နှင့် ဖေ့ဘုတ်စာမျက်နှာ လိပ်စာများကိုပါ ကြေညာချက်အရ အောက်ပါအတိုင်းသိရပါသည်။
ဆက်သွယ်ရန် –
Telegram – http://t.me/MyanmarPeople
Facebook – https://www.facebook.com/PeoplesEmbrace

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။