Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

လွိုင်ကော် အခြေစိုက်ဆေးတပ်(တဆရ) (ဖရဲသီး) တပ်သား တဦး KDFထံ ခိုလှုံ

Share this News:

လွိုင်ကော်မြို့ အခြေစိုက် ဆေးတပ် (တဆရ) တပ်က တပ်သား တဦး ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး(KDF) က ဒီနေ့ ဒီဇင်ဘာ (၂၁) ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

လွိုင်ကော်အခြေစိုက်တပ် ဆေးတပ် (တဆရ)တပ် က တပ်သား ကိုယ်ပိုင်အမှတ် တ-၅၅၉၉၃၅ ဟာ တပ်တွင်းသတင်းပေး ဖရဲသီးဖြစ်တယ်လို့လည်း သိရပါတယ်။

သူ့အနေနဲ့ တပ်တွင်းမှာ ဆက်လက်နေထိုင်ဖို့ လုံခြုံခြင်းမရှိတော့တာကြောင့်လည်း KDF တပ်ဖွဲ့ထံ ခိုလှူံခွင့်တောင်ခံခဲ့တာဖြစ်ပြီး KDF အနေနဲ့ သေချစွာ စိစစ်ခဲ့ပြီး ခိုလှူံခွင့်ပေးခဲ့တာဖြစ်ပါတယ်။

“သူက အရင်ကတည်းက တပ်တွင်း သတင်းတွေကို ကျွန်တော်တို့ဆီ အတိအကျ ပေးနေတဲ့ ဖရဲသီးတစ်ဦးပါ။တပ်တွင်းနေရတာ အဆင်မပြေတော့လို့ ကျွန်တော်တို့ဆီ ခိုလှုံခွင့်တောင်းတာပေါ့။ဒါပေမယ့် ဒီလ ၇ ရက်နေ့ကတည်းက သူတို့ရောက်တယ်။အဲဒါကို အသေးစိတ်စိစစ်ပြီးတော့မှ ဒီနေ့ ထုတ်ပြန်တာ”ဟု KRU တာဝန်ရှိသူက ပြောကြားထားပါတယ်။

ယခုပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်သားတဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားရှစ်ဦးမှာ KRUထံ ခိုလှုံခဲ့ပြီး လေးဦးမှာ KRU လက်အောက်ခံ တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

Photo – KDF | ခိုလှုံလာသည့် စစ်ကောင်စီ ဆေးတပ်သားအား KDF ရဲဘာ်များနှင့်အတူ တွေ့ရစဉ်။

စစ်ကောင်စီဘက်မှ ပြည်သူ့တပ်ဖွဲ့များထံ ခိုလှုံခြင်းသည် တော်လှန်ရေးအောင်မြင်နိုင်ရေး ထိ‌ရောက်မူရှိ‌ သောအကျိုးဖြစ်ကြောင်း နှင့် မည်သူကို မဆို သေချာစိစစ်၍ လက်ကမ်းကြိုနေမည်ဖြစ်ကြောင်းလည်း KDF က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၀) ရက်ကလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်သည့် အရာရှိ-စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် တော်လှန်ရေးအတွက် ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်သည့် ကြေညာချက်တစောင်ကို ထုတ်ပြန်ထားပါသေးတယ်။

အဲဒီထုတ်ပြန်ချက် အပြည့်အစုံကို နွေဦးအသံ ဝက်ဘ်ဆိုက် shorturl.at/ansMP မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

337
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။