◼ ကော့ကရိတ်မြို့အဝင် တံတား မိုင်းထိကာပျက်စီး
ဒီကနေ့ ဒီဇင်ဘာ (၂၁) ရက် မနက်ပိုင်း ၄ နာရီဝန်းကျင်အချိန် က ကော့ကရိတ်မြို့ KNU တပ်မဟာ ၆ နယ်မြေ ကို စစ်အုပ်စု က လေကြောင်းကနေ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
ကော့ကရိတ် မြို့က ဒေသတွေမှာ စကစ နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ တို့ နှစ်ဘက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပြီး ကော့ကရိတ် – မြ၀တီ အာရှလမ်းမကြီးကတော့ ယာယီပိတ်ထားဆဲဖြစ်ပါတယ်။
ကော့ကရိတ်မြို့အဝင်က တံတားတခုလည်း မိုင်းခွဲခံရပြီး ကျိုးကျနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က အနည်းငယ်ထိခိုက်မှုရှိပေမယ့် သေဆုံးတာမရှိပါဘူး။
စစ်တပ်က လက်နက် ကြီးတွေနဲ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ရွာသူ၊ ရွာသားများနှင့် ကလေးသူငယ်များ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရကြောင်း NUG တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိတွင် ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်အနီး မိုင်းခွဲခံထားရသော တံတားတွင် ကားများ တစ်စီးပြီးမှ တစ်စီး ပုံစံဖြင့် ဖြတ်သန်းနေရသဖြင့် ကား လမ်းများ ပိတ်ဆို့လျက်ရှိနေသေးတယ်လို့သိရပါတယ်။