နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် V4 လမ်းဆုံ က စစ်ဆေးရေးဂိတ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၉) ရက် ည ၁၀နာရီခွဲအချိန်က လက်ပစ်ဗုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး အဖွဲ့တွေက လက်ပစ်ဗုံး ၂လုံးပစ်သွင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် ဗုံးတလုံးသာ ပေါက်ကွဲခဲ့တယ်လို့ နေပြည်တော် ပ.က.ဖ က ထုတ်ပြန်ထားတာပါ။
ဗုံးပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာ ရရှိတဲ့အခြေအနေတွေတော့ မသိရသေးပါဘူး။