အလယ်ပိုင်းတိုင်း တော်လှန်ရေး မဟာမိတ်များ တပ်ပေါင်းစု (Central Revolutionary Coalition – CRC) တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ(၂၁) ရက်က ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာပြည် အလယ်ပိုင်းတိုင်းတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလုပ်ငန်းစဥ်များ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်း မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းပြီး အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု CRC ကို ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအခမ်းအနားကို ဒေသတွင်းမဟာမိတ်အဖွဲ့အစည်းများတက်ရောက်ခဲ့ကြတာဖြစ်ပြီး ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ရှေ့ဆက်လုပ်ငန်းစဥ်များ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့သိရပါတယ်။