ပခုက္ကူမြို့နယ် ကမ္မမြို့ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ(၂၁) ရက် မနက်ပိုင်းက ကားတစီးပေါ်ကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ရဲ (၂) ဦးသေဆုံးခဲ့ ပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်ထားပါတယ်။
ကမ္မမြို့ရဲစခန်းမှ ရဲ တွေဟာ မြို့နယ်အတွင်း က ပြည်သူလူထုအပေါ် မတရားဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ အနိုင် အထက်ပြုခြင်း တို့ကျူးလွန်နေ တာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်တဲ့အတွက် P-PDF ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကာ ရဲဘော်များလည်း အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားသည်။